နာပိုလီအသင်းနဲ့ ပွဲဦးထွက်ပွဲစဉ်မှာ တိုက်စစ်မှူး ဟွိုက်လန်းက ပွဲအစ ၁၄ မိနစ်မှာပဲ ဂိုးသွင်းယူ နိုင်ခဲ့ပါတယ်။
မန်ယူနိုက်တက်မှာ သွင်းဂိုးရဖို့ ခက်ခဲခဲ့ပြီး ခြေစွမ်းမပြနိုင်ခဲ့တဲ့ ဒိန်းမတ်တိုက်စစ်မှူးဟာ အသင်းသစ်မှာ အငှားထွက် ကစားခဲ့ပြီးနောက် ဖီအိုရင်တီးနားနဲ့ ပထမဆုံးပွဲမှာပဲ သွင်းဂိုးရခဲ့တာပါ။
ပွဲအပြီးမှာ နာပိုလီအသင်းက ၃ ဂိုး ၁ ဂိုးနဲ့ အနိုင်ရခဲ့ပြီး မန်စီးတီး ကွင်းလယ်လူဟောင်း ဒီဘရိုင်းလည်း ခြေစွမ်းပြခဲ့ပါတယ်။
နာပိုလီအသင်းဟာ ဟွိုက်လန်းကို ရာသီအကုန်မှာ ပေါင် ၃၈ သန်းနဲ့ အပြီးသတ်ခေါ်ယူခွင့်နဲ့ အငှားခေါ်ယူထားတာပါ။
မန်ယူနိုက်တက်ဟာ ဟွိုက်လန်း အတွက် ပေါင် ၇၂ သန်းနဲ့ ၂၀၂၃ ခုနှစ်က ခေါ်ယူခဲ့တာဖြစ်ပြီး စုစုပေါင်း ၉၅ ပွဲမှာ ၂၆ ဂိုးသွင်းခဲ့ပေမဲ့ နည်းပြအာမိုရင်ရဲ့ စိတ်ကြိုက်ကစားသမား ဖြစ်မလာခဲ့တာပါ။
နာပိုလီအသင်းမှာ မန်ယူကွင်းလယ် လူဟောင်း တွန်မီနေးကလည်း ခြေစွမ်းပြနေပြီး မနှစ်က အီတလီ စီးရီးအေတနှစ်တာ အကောင်းဆုံးရခဲ့ပါသေးတယ်။