
တိုက်စစ်မှူးဟွိုက်လန်းဟာ မန်ယူနိုက်တက်အသင်းမှာ ဆက်ရှိနေသင့်တဲ့ ကစားသမားဖြစ်ကြောင်း အသင်းဂန္ထဝင်ဂိုးသမားကြီး ပီတာရှမိုက်ကယ်က အကြံပြု ပြောသွားပါတယ်။
မန်ယူအသင်းဟာ ဒိန်းမတ် တိုက်စစ်မှူးကို နာပိုလီအသင်းဆီ အပြီးသတ်ရောင်းချခွင့် ပါဝင်တဲ့ အငှားစာချုပ်နဲ့ ပြောင်းရွှေ့ ခွင့်ပြုခဲ့တာပါ။
ဟွိုက်လန်းဟာ နာပိုလီအသင်းနဲ့ ပထမဆုံးပွဲမှာပဲ ဂိုးသွင်းယူနိုင်ခဲ့ပြီး ပြိုင်ပွဲစုံ ၆ ပွဲမှာ ၄ ဂိုး သွင်းယူထားပြီး ဖြစ်ပါတယ်။
ဟွိုက်လန်းဟာ နာပိုလီမှာ ကီဗင်ဒီဘရိုင်း၊ မက်တွန်မီနေးတို့နဲ့ တွဲဖက်ပြီး ဂိုးတွေသွင်းယူနေကြောင်း၊ သူဟာ တရာသီကို ၂၅ ဂိုးလောက်သွင်းယူနိုင်တဲ့ တိုက်စစ်မှူးဖြစ်ကြောင်းနဲ့ မန်ယူအသင်းက ဆက်ထိန်းထားသင့်ကြောင်း ရှမိုက်ကယ်က ပြောပါတယ်။
ပထမဆုံးရာသီမှာ မျှော်လင့်သလောက် ဂိုးမရတာနဲ့ပဲ ရှက်စ်ကိုအတွက် ပေါင်သန်း ၇၀ ကျော် အသုံးပြုခဲ့ပြီး လိုအပ်နေတဲ့နံပါတ် ၆ နေရာအတွက်တော့ မခေါ်ယူနိုင်ခဲ့တာက အံ့အားသင့်စရာ ကောင်းတဲ့ ဆုံးဖြတ်ချက်ဖြစ်ကြောင်း ရှမိုက်ကယ်က ပြောသွားပါတယ်။
Photo:Reuters




