
ရီးရဲလ်မက်ဒရစ်တိုက်စစ်ကစားသမား ဗင်နီဆီးယက်စ်ဟာ ဆော်ဒီလိဂ်ဆီ ပြောင်းရွှေ့ကစားလာနိုင် ကြောင်း အယ်လ်အစ်တီဟတ် အားကစားဒါရိုက်တာ ရာမွန်ပလိန်းစ်က ပြောသွားပါတယ်။
ဆော်ဒီကလပ်တွေဟာ ဗင်နီကိုအရခေါ်ယူဖို့ ပြီးခဲ့တဲ့ရာသီကတည်းက ကြိုးပမ်းခဲ့ကြပြီး ဗင်နီဘက်က မက်ဒရစ်မှာပဲ ဆက်နေဖို့ ဆုံးဖြတ်ခဲ့တာပါ။
နည်းပြအလွန်ဆိုရောက်ရှိလာမှုနဲ့အတူ အသင်းရဲ့ရလဒ်ပိုင်း အကောင်းဆုံးပုံစံမရှိတဲ့အခြေအနေမှာ ဗင်နီဆီးယက်စ်အနေနဲ့ အသင်းပြောင်းရွှေ့နိုင်ကြောင်း သုံးသပ်ချက်တွေလည်း ရှိနေတာပါ။
အစ်တီဟတ်အားကစာဒါရိုက်တာ ရာမွန်ကတော့ ဗင်နီဆီးယက်စ်ရဲ့ အဆင့်အတန်းအရ ဆော်ဒီလိဂ်မှာ လာကစားဖို့ ဖြစ်လာနိုင်ကြောင်းပြောပါတယ်။
ခမ်းနားကြီးကျယ်တဲ့လိဂ်ပြိုင်ပွဲ တခုဖန်တီးနေတဲ့ ဆော်ဒီလိဂ်ရဲ့ရည်မှန်းချက်အရ ဗင်နီဆီးယက်စ် ပြောင်းရွှေ့လာဖို့က အမှန်တကယ်ဖြစ်လာနိုင်တယ်လို့လည်း အားကစားဒါရိုက်တာ ရာမွန်က ပြောသွားပါတယ်။
ဗင်နီးဆီးယက်စ်ကို ခေါ်ယူဖို့ အယ်အစ်တီဟတ်၊ အယ်ဟီလာ၊ အယ်လ်နာဆာ အသင်းတွေက ဆန္ဒရှိနေကြပါတယ်။
Photo: Reuters


