
ထိုင်းကာကွယ်ရေးဝန်ကြီး နတ်ထာဖွန် နက်ပါနစ်ချ်နဲ့ ကမ္ဘောဒီးယား ဒုတိယဝန်ကြီးချုပ်နဲ့ ကာကွယ်ရေးဝန်ကြီး တီးဆေးဟာတို့ဟာ ဒီဇင်ဘာ ၂၇ ရက် ဒီကနေ့ ထိုင်းနိုင်ငံ ချန်ထဘူရီခရိုင်ရှိ နယ်စပ် စစ်ဆေးရေးဂိတ်မှာ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ကို လက်မှတ်ရေးထိုးခဲ့ ကြပါတယ်။
နှစ်ဖက်အကြား အပစ်အခတ်ရပ်စဲရေး ဆွေးနွေးပွဲတွေကို ဒေသစံတော်ချိန် ဒီမနက် ၉ နာရီ ၄၀ မိနစ်လောက်မှာ စတင်ပြုလုပ်ခဲ့ပြီး အပစ်အခတ်ရပ်စဲရေးဟာ စနေနေ့ ဒေသစံတော်ချိန် နေ့ခင်း ၁၂ နာရီမှာ စတင်အသက်ဝင်ခဲ့ကြောင်း နှစ်ဖက်စလုံးမှ ထုတ်ပြန်တဲ့ ပူးတွဲကြေညာချက် အရ သိရပါတယ်။
ကြေညာချက်ထဲမှာ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ကို အပြည့်အဝ အကောင်အထည်ဖော်ဖို့နဲ့ ကမ္ဘောဒီးယား-ထိုင်းနယ်စပ်တလျှောက်ရှိ ပြည်သူတွေအတွက် ငြိမ်းချမ်းရေး၊ တည်ငြိမ်မှုနဲ့ လုံခြုံရေးကို ရှာဖွေတည်ဆောက်ရန် သူတို့ရဲ့ ခိုင်မာတဲ့ ကတိကဝတ်ကို နှစ်ဖက်စလုံးက ထပ်မံ အတည်ပြုခဲ့ပါတယ်။
ထိုင်း-ကမ္ဘောဒီးယား နယ်စပ်ပဋိပက္ခတွေဟာ ဒီဇင်ဘာ ၇ ရက်က ပြန်လည်ဖြစ်ပွားခဲ့ပြီး ဒီတိုက်ခိုက်မှုကို နှစ်ဖက်စလုံးက အပြန်အလှန် စွပ်စွဲခဲ့ကြပါတယ်။
အဲဒီအချိန်ကတည်း အရပ်သား ၁၀၀ ကျော် သေဆုံးခဲ့ရပြီး ထောင်ပေါင်းများစွာသော လူတွေ ဘေးလွတ်ရာကို ရွှေ့ပြောင်းခဲ့ရပါတယ်။
Source:Reuters


