Home
နိုင်ငံတကာ
ဂါဇာရှိ နေရာ ၃ ခုတွင် တိုက်ခိုက်မှုများ ရပ်ထားကြောင်း အစ္စရေး ကြေညာ 
DVB
·
July 27, 2025
Photo: Reuters

အေဂျင်စီတွေက လေကြောင်းကနေ ရိက္ခာကြဲချမှုကို ဝေဖန်ခဲ့တာကြောင့် ဂါဇာမှာ တိုက်ခိုက်မှုတွေ ရပ်ထားမှာဖြစ်ကြောင်း အစ္စရေးက ကြေညာပါတယ်။ 

ဂါဇာမှာ အငတ်ဘေးဆိုက်မယ့် အရေးနဲ့ ရင်ဆိုင်နေရတယ်လို့ ဇူလိုင် ၂၆ ရက်မှာ ပြောဆိုခဲ့ကြပြီးနောက် အစ္စရေးက အခုလို အပစ်ရပ်မယ်လို့ ကြေညာထားတာပါ။ 

တိုက်ခိုက်မှုရပ်မယ့် နေရာ ၃ နေရာရှိတယ်လို့ အစ္စရေးက ကြေညာထားတာဖြစ်ပြီး အယ်မာဝါဆီ၊ ဒီရာအယ်ဘာလာနဲ့ ဂါဇာမြို့မှာ မနက် ၁၀ နာရီကနေ ည ၈ နာရီအထိ နေ့စဉ် သတ်မှတ်ပေးထားပါတယ်။ ရက်အကန့်အသတ်နဲ့ပတ်သက်ပြီး နောက်ထပ် ထုတ်ပြန်ချက် မထုတ်မချင်း ခွင့်ပြုပေးမယ်လို့လည်း အစ္စရေး စစ်တပ်က ပြောပါတယ်။ 

ဂါဇာမှာ လေယာဉ်နဲ့ စားနပ်ရိက္ခာ ကြဲချမှုပြုလုပ်မှာ ဖြစ်ပြီး အကူအညီပေးမဲ့ ရိက္ခာထုပ် ၇ ခု ပေးမယ်လို့ သိရပါတယ်။ 

ဂါဇာမှာ အငတ်ဘေးကြုံမယ့်အရေးနဲ့ပတ်သက်ပြီး အနောက်နိုင်ငံအစိုးရတွေရဲ့ ဖိအားပေးမှုနဲ့ အစ္စရေးက ကြုံတွေ့နေရပါတယ်။ 

ဒါ့အပြင် အကူအညီပေးမဲ့ အေဂျင်စီတွေက အစ္စရေးရဲ့ လေကြောင်းကနေ ရိက္ခာကြဲချပေးမဲ့ အစီအစဉ်ကို ဝေဖန်ထားပြီး ဒီအကူအညီပေးမှုတွေက မလုံလောက်ဘူးလို့ ဆိုပါတယ်။ 

ဂါဇာမှာ စစ်ပွဲတွေ စတင်ချိန်ကတည်းက လူ ၁၂၇ ဦးထက်မနည်း အစာရေစာ ပြတ်ပြီး သေဆုံးခဲ့တယ်လို့ ဂါဇာကျန်းမာရေးဝန်ကြီးဌာနက ပြောထားပါတယ်။ 

ဂါဇာအတွက် လေကြောင်းကနေ ရိက္ခာကြဲချပေးမယ်လို့ အစ္စရေးက ကြေညာခဲ့ပြီးနောက် အီဂျစ်မှာရှိတဲ့ ရိက္ခာတင်ဆောင်ထားတဲ့ ကားတွေဟာ အီဂျစ်ကနေ ဂါဇာကို ထွက်ခွာလာပြီလို့လည်း သိရပါတယ်။ 

ကား ဒါဇင်ပေါင်းများစွာဟာ ဂါဇာတောင်ပိုင်းကိုဖြတ်ပြီး ကာရမ်အေဘူဆာလမ်ကို သွားပြီး လူသားချင်းဆိုင်ရာ အကူအညီတွေ ပေးမှာဖြစ်ပါတယ်။ 

အစ္စရေးဟာ မတ်လကတည်းက ဂါဇာကို အကူအညီပေးမှုတွေ ဖြတ်တောက်ထားလို့ ဂါဇာမှာ ရှိတဲ့ လူ ၂.၂ သန်းဟာ အငတ်ဘေးနဲ့ ရင်ဆိုင်နေရတယ်လို့ နိုင်ငံတကာ အကူအညီပေးရေး အဖွဲ့အစည်းတွေက ပြောပါတယ်။ 

အစ္စရေးကတော့ ဂါဇာကို စားနပ်ရိက္ခာ ပို့ဆောင်မှုလုံလောက်အောင် ခွင့်ပြုပေးထားကြောင်းနဲ့ မလုံလောက်တာက ကုလသမဂ္ဂက ဖြန့်ဖြူးတဲ့ အစီအစဉ်ကြောင့်လို့ ဝေဖန်ထားပါတယ်။ 

ကုလသမဂ္ဂကတော့ အစ္စရေးရဲ့ ကန့်သတ်ချက်တွေအောက်မှာ အကောင်းဆုံး လုပ်ဆောင်နေတယ်လို့ ပြောထားပါတယ်။ 

Source: Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013