
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်၊ သင်ချောင်း ငရုတ်ကောင်းကျေးရွာ အုပ်ချုပ်ရေးမှူးက ဒေသခံပြည်သူတွေဆီကနေ စစ်မှုထမ်းကြေးဆိုကာ တလကို ငွေကျပ် ၈ သောင်း အတင်းအဓမ္မ ကောက်ယူနေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ပြီးခဲ့တဲ့ လတွေကတော့ လူစားထည့်ဖို့ဆိုကာ ဘယ်သူဘယ်ဝါ စစ်မှုထမ်း လိုက်မယ်လို့ သိရပေမဲ့ အောက်တိုဘာလကစလို့ ဘယ်သူဘယ်ဝါ လိုက်မယ်ဆိုတာ မသိရဘဲ မြို့နယ်နဲ့ ပူးပေါင်းကာ ပြည်သူတွေဆီကနေ ခေါင်းပုံဖြတ် တောင်းခံနေတာလို့ ဒေသခံတွေက ပြောပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင်လအတွင်းကလည်း ဧရာဝတီတိုင်း၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်မှာ စစ်မှုထမ်းဖို့ လူသစ် စုဆောင်းမပေးနိုင်တဲ့ ကျေးရွာအုပ်ချုပ်ရေးမှူး ၃ ယောက်ကို စစ်ကောင်စီ တပ်ပါတဲ့ စစ်ဆေးရေးအဖွဲ့က ခေါ်ယူစစ်ဆေးခဲ့တယ်လို့လည်း အုပ်ချုပ်ရေးမှူးတွေနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။


