
ရုရှား နျူကလီးယားစွမ်းရည်ရှိ Tu-95MS ဗုံးကြဲလေယာဉ်တွေဟာ နော်ဝေနဲ့ ဘားရန့်စ် နိုင်ငံတကာရေပြင်ပေါ်မှာ ကြိုတင်စီစဉ်ထားတဲ့ ပျံသန်းမှု ပြုလုပ်ခဲ့ပြီး “နိုင်ငံခြားတိုင်းပြည်တွေက တိုက်လေယာဉ်တွေ” က သူတို့ကို ခြံရံလိုက်ပါခဲ့ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ဒီဇင်ဘာ ၂၅ ရက်မှာ ထုတ်ပြန်ပါတယ်။
Tu-95 လေယာဉ်တွေရဲ့ ပျံသန်းမှုရက်စွဲ သို့မဟုတ် စောင့်ကြည့်ရေးလေယာဉ်တွေကို ဖြန့်ကြက်ချထားတဲ့ နိုင်ငံတွေကို မဖော်ပြခဲ့ပါဘူး။
“ရုရှား Tu-95MS မဟာဗျူဟာမြောက် ဗုံးကြဲလေယာဉ်တွေနဲ့ ဒုံးကျည်တင် လေယာဉ်တွေဟာ ဘားရန့်စ်နဲ့ နော်ဝေ ပင်လယ်ပြင်တွေရဲ့ ကြားနေ ရေပြင်တွေပေါ်မှာ အချိန်ဇယားဆွဲ ပျံသန်းမှုတခု ပြုလုပ်ခဲ့တယ်” လို့ ဝန်ကြီးဌာနက စကင်ဒီနေးဗီးယားမြောက်ဘက်နဲ့ ရုရှားအနောက်မြောက်ဘက်ရှိ ရေပြင်တွေကို ရည်ညွှန်းကာ ပြောကြားခဲ့ပါတယ်။
“လမ်းကြောင်းရဲ့ တချို့အဆင့်တွေမှာ မဟာဗျူဟာမြောက် ဒုံးကျည်တင်လေယာဉ်တွေကို နိုင်ငံခြားမှ တိုက်လေယာဉ်တွေက လိုက်ပါခြံရံပို့ဆောင်ခဲ့တယ်” လို့လည်း ဖြည့်စွက်ဖော်ပြပါတယ်။
ဒီလို ပျံသန်းမှုတွေကို ဒေသအများအပြားမှာ ပုံမှန်လုပ်ဆောင်လေ့ရှိပြီး နိုင်ငံတကာဥပဒေနဲ့အညီ ဖြစ်ကြောင်းလည်း ဝန်ကြီးဌာနက ပြောကြားခဲ့ပါတယ်။
အခုလအစောပိုင်းမှာ တောင်ကိုရီးယားနဲ့ ဂျပန်တို့ဟာ ရုရှားနဲ့ တရုတ် စစ်ဘက်လေယာဉ်တွေဟာ သူတို့ရဲ့ နယ်မြေတွေအနီးမှာ ပျံသန်းမှုတွေကို ဝေဖန်ခဲ့ပြီး တိုက်လေယာဉ်တွေကို အရေးပေါ် စေလွှတ်ခဲ့ရပါတယ်။
တိုကျိုရဲ့ အဆိုအရ ရုရှား Tu-95 ဗုံးကြဲလေယာဉ် ၂ စင်းဟာ ဂျပန်ပင်လယ်ကနေ အရှေ့တရုတ်ပင်လယ်မှာ တရုတ် H-6 ဗုံးကြဲလေယာဉ် ၂ စင်းနဲ့ တွေ့ဆုံဖို့ ပျံသန်းလာခဲ့ပြီးနောက် ဂျပန်နိုင်ငံတဝန်း ပူးတွဲပျံသန်းခဲ့ပါတယ်။
Source: Reuters


