Home
မြန်မာသတင်း
တရုတ်၏ဖိအားနှင့် အကျိုးစီးပွားပေါ် အခြေခံပြီး မြစ်ဆုံစီမံကိန်းပြန်စရန် စစ်ကောင်စီလုပ်နေဟု KIA ပြော
DVB
·
December 23, 2025

နိုင်ငံတဝန်းက ပြည်သူလူထုရဲ့ ကန့်ကွက်မှုနဲ့ ရပ်ဆိုင်းထားတဲ့ မြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကို တရုတ်ရဲ့ နိုင်ငံရေး ဖိအားနဲ့ အကျိုးစီးပွားတွေ အပေါ် အခြေခံပြီး စစ်ကောင်စီက ပြန်လည် စတင်နိုင်ဖို့ ကြိုးပမ်းလာတာလို့ ကချင်လွတ်လပ်ရေးတပ်မတော် (KIA) က ပြောပါတယ်။

လူထုရဲ့ ကန့်ကွက်မှုနဲ့ ၂၀၁၁ ခုနှစ် ဦးသိန်းစိန် အစိုးရလက်ထက်မှာ မြစ်ဆုံရေအားလျှပ်စစ် စီမံကိန်ကို ယာယီရပ်ဆိုင်းခဲ့ပြီး ၁၅ နှစ် ကြာပြီးနောက် လက်ရှိ နိုင်ငံ အာဏာကို သိမ်းယူထားတဲ့ စစ်ခေါင်းဆောင်အဖွဲ့တွေက လူထုဆန္ဒကို ဆန့်ကျင်ကာ ပြန်လည်စတင်ဖို့ ကြိုးပမ်းလာတာပါ။

တရုတ်ရဲ့ ဖိအားနဲ့ အကျိုးစီးပွားကို အခြေခံပြီး စစ်ကောင်စီက စီမံကိန်းကို ပြန်စတင်ဖို့ ကြိုးပမ်းနေတာလို့  KIA သတင်းနဲ့ ပြန်ကြားရေး တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက DVB ကို ပြောပါတယ်။

“အဓိကတော့ တရုတ်ရဲ့ဖိအားကြောင့် ဖြစ်မှာပါ။ နှစ်နိုင်ငံ စာချုပ်ချုပ်ထားတာကို ပြန်လည် အကောင်အထည်ဖော်နိုင်ဖို့ ကြိုးစားနေတယ်လို့ မြင်ပါတယ်။ တရုတ်ကတော့ သူရဲ့ အကျိုးစီးပွားကိုပဲ ကြည့်နေတာ။ ဒါကြောင့် သူ ရင်းနှီးမြှုပ်နှံခဲ့တဲ့ အရင်းနှီးတွေ ငွေကုန်ကြေးကျ ခံခဲ့တာတွေကို ပြန်ရနိုင်ဖို့အတွက်က မရမက တရုတ်က ဖိအားပေးပြီး အခုလိုမျိုး ပြန်စဖို့ သူတို့ နှစ်ဖွဲ့ ပူးပေါင်းပြီး စလာတာလို့ သုံးသပ်ပါတယ်"

စစ်ကောင်စီက ပြန်လည်စတင်မဲ့ မြစ်ဆုံစီမံကိန်းကို ကန့်ကွက်မဲ့ လူပုဂ္ဂိုလ်နဲ့ အဖွဲ့အစည်းတွေကို အရေးယူမယ်လို့လည်း ထုတ်ပြန်ထားပြီး KIO ကတော့ စီမံကိန်းနဲ့ ပတ်သက်ပြီး လူထုရဲ့ ဆန္ဒကသာ အရေးကြီးဆုံးလို့ ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။

ပြီးခဲ့တဲ့ သြဂုတ် ၂၇ ရက်မှာ စစ်ကောင်စီ အဖွဲ့ဝင် ၁၃ ယောက်နဲ့ ဖွဲ့စည်းလိုက်တဲ့ ဧရာ၀တီမြစ်ဆုံ-မြစ်ညာမြစ်ဝှမ်း ရေအားလျှပ်စစ်စီမံကိန်း ဦးဆောင်အဖွဲ့နဲ့ တရုတ်ယူနန်ပြည်နယ် SPIC Yunan International Power Investment Co.,Ltd (SPICYN) နဲ့အတူ ပူးပေါင်းကာ မြစ်ဆုံး ရေအားလျှပ်စစ်စီမံကိန်းကြီးကို ပြန်လည်စတင်နိုင်ဖို့ ကြိုပမ်းနေပါနေတယ်။

အရင် ဦးသိန်းစိန်နဲ့ NLD အစိုးရလက်ထက်မှာ မြစ်ဆုံ စီမံကိန်းကို အပြီးတိုင်ရပ်ဆိုင်းဖို့အထိ နိုင်ငံတဝန်းက ပြည်သူလူထုက တောင်းဆိုခဲ့ကြပြီး စီမံကိန်းအတွက် အသုံးပြုထားတဲ့ အမေရိကန် ဒေါ်လာ သန်း ၇၀၀ နီးပါးကိုလည်း ပြည်သူတွေ အလှူငွေထည့်ဝင်ကာ လျော်ကြေးပေး အဆုံးသတ်ဖို့ လုပ်ဆောင်ခဲ့ကြပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013