
အိန္ဒိယရဲ့ အထင်ကရ တာ့ဂျ်မဟာအဆောက်အအုံကြီးဟာ ဒီဇင်ဘာ ၁၈ ရက်မှာ မီးခိုးမြူတွေ ထူထူထပ်ထပ် ဖုံးလွှမ်းခံခဲ့ရပြီး ANI သတင်းဌာနက ထုတ်လွှင့်တဲ့ ဗီဒီယိုထဲမှာ မြင်ကွင်းကနေ လုံးဝ ပျောက်ကွယ်နေပါတယ်။
ကမ္ဘာ့အံ့ဖွယ် ၇ ပါးမှာ တခုအပါအဝင်ဖြစ်တဲ့ တာ့ဂျ်မဟာဟာ အမှိုက်တွေ ပြန့်ကျဲနေတဲ့ မြစ်ကမ်းနံဘေးမှာရှိပြီး မြောက်ပိုင်းမြို့ အာဂရာရဲ့ စက်မှုလုပ်ငန်းသုံး မီးခိုးခေါင်းတိုင်တွေနဲ့ ယာဉ်တွေကနေ ထုတ်လွှတ်လိုက်တဲ့ မီးခိုးငွေ့တွေကြောင့် ဖုန်မှုန့်တွေ၊ မီးခိုးငွေ့တွေ မကြာခဏ ဖုံးလွှမ်းလေ့ရှိပါတယ်။
မြောက်ပိုင်းအိန္ဒိယတဝန်းမှာ လေထုအရည်အသွေးဟာ ပြီးခဲ့တဲ့ သီတင်းပတ်အတွင်း သိသိသာသာ ယိုယွင်းလာခဲ့ပြီး အာဏာပိုင်တွေဟာ ညစ်ညမ်းမှုတိုက်ဖျက်ရေး ကန့်သတ်ချက်တွေကို တိုးမြှင့်ဆောင်ရွက်ဖို့ တွန်းအားပေးခဲ့ပါတယ်။
ဥတ္တရပရာဒေ့ရှ် ပြည်နယ်မှာ လေထုအရည်အသွေးညွှန်းကိန်း (AQI) ကို ဒီဇင်ဘာ ၁၈ ရက် မွန်းလွဲ ၁၂ နာရီခွဲလောက်က ၁၉၅ မှတ်မှာ မှတ်တမ်းတင်ထားပြီး “ကျန်းမာရေးနဲ့ မညီညွတ်” ဆိုတဲ့ အမျိုးအစားထဲမှာ အကျုံးဝင်နေပါတယ်။
AQI အမှတ် ၅၀ အောက်ဟာ လေထုအရည်အသွေးကောင်းအဖြစ် ယူဆပေမဲ့ ၂၀၀ အထက် အဆင့်တွေကို ပြင်းထန်တဲ့ အန္တရာယ်အဖြစ် သတ်မှတ်ထားပါတယ်။
Source: Reuters


