
အမေရိကန်ပြည်ထောင်စုဟာ သူ့ရဲ့ ဒေသဆိုင်ရာ မူးယစ်ဆေးဝါး တိုက်ဖျက်ရေး လှုပ်ရှားမှုရဲ့ တစိတ်တပိုင်းအဖြစ် အီကွေဒေါကို တပ်ဖွဲ့ဝင်တွေ စေလွှတ်ခဲ့တယ်လို့ အီကွေဒေါနိုင်ငံ မြို့တော် ကီးတိုရှိ အမေရိကန်သံရုံးက ဒီဇင်ဘာ ၁၇ ရက်မှာ ကြေညာပါတယ်။
အီကွေဒေါနိုင်ငံ၊ မန်းထာမြို့ရှိ အခြေစိုက်စခန်းတခုမှာ အမေရိကန်တပ်ဖွဲ့ဝင်တွေကို ထားရှိမယ်လို့ သတင်းတွေ ထွက်ပေါ်နေပြီး အဲဒီစခန်းကို အမေရိကန်စစ်တပ်က ၂၀၀၉ ခုနှစ်အထိ အသုံးပြုခဲ့တာပါ။
အမေရိကန်ဘက်က တပ်ဖြန့်ချထားမှုမှာ အင်အားဘယ်လောက် သို့မဟုတ် ဘယ်လောက်ကြာကြာ ထားရှိမယ် ဆိုတာကို ထုတ်ဖော်ပြောကြားခြင်း မရှိပါဘူး။
အမေရိကန်သံရုံးကတော့ အဲဒီအစီအစဉ်ဟာ အီကွေဒေါလေတပ်နဲ့ ကာလတို ပူးတွဲစစ်ဆင်ရေးတခု ဖြစ်ပြီး ၂ နိုင်ငံလုံးကို ခြိမ်းခြောက်ခံနေရမှုတွေကနေ ကာကွယ်ဖို့ ထောက်လှမ်းရေးအချက်အလက် စုဆောင်းမှုနဲ့ မူးယစ်ဆေးဝါး တိုက်ဖျက်ရေး စွမ်းရည်တွေကို မြှင့်တင်ဖို့ ရည်ရွယ်ကြောင်း ပြောပါတယ်။
တချိန်တည်းမှာပဲ အီကွေဒေါ ကာကွယ်ရေးဝန်ကြီးဌာနက အမေရိကန်လေယာဉ်တွေဟာ လက်တင်အမေရိကနိုင်ငံကို စစ်ဘက်ထောက်ပံ့ရေးပစ္စည်းတွေ ပို့ဆောင်ပေးခဲ့ကြောင်း အတည်ပြုခဲ့ပါတယ်။
Source: Reuters


