
အင်္ဂလန်အနောက်တောင်ပိုင်းမှာ အသက် ၉ နှစ်အရွယ် မိန်းကလေးတယောက် သေဆုံးခဲ့ပြီးနောက် ဒီဇင်ဘာ ၁၇ ရက်မှာ အသက် ၁၅ နှစ်အရွယ် ယောက်ျားလေးတယောက်ကို လူသတ်မှုနဲ့ တရားစွဲဆိုခဲ့ကြောင်း ဗြိတိန်ရဲတပ်ဖွဲ့က ပြောပါတယ်။
အာရီယာသော့ပ် အမည်ရှိ မိန်းကလေးဟာ ဓားဒဏ်ရာတချက်ကြောင့် ဒီဇင်ဘာ ၁၅ ရက်က သေဆုံးခဲ့ကြောင်း ရဲတွေက ရင်ခွဲစစ်ဆေးမှုအရ တွေ့ရှိခဲ့ပါတယ်။
အသက်မပြည့်သေးတဲ့ အသက် ၁၅ နှစ်အရွယ် ယောက်ျားလေးကို ချုပ်နှောင်ထားပြီး ဘရစ္စ်တိုလ် တရားရုံးမှာ ရုံးထုတ်မှာ ဖြစ်ပါတယ်။
ဝက်စ်တန်-စူပါ-မဲရ်မြို့က မိန်းကလေးကို တွေ့ရှိခဲ့တဲ့ နေအိမ်အနီးရှိ ဧရိယာမှာ သူ့ကို ဖမ်းဆီးခဲ့ကြောင်း ရဲတပ်ဖွဲ့က ကြေညာချက် ထုတ်ပြန်ပြောပါတယ်။
ကျောင်းအုပ်ကြီး ယန်န်အက်ပဲလ်ဖို့ဒ်က “ဒီလို ငယ်ရွယ်တဲ့ မိန်းကလေးတယောက်ရဲ့ ဝမ်းနည်းဖွယ် အဖြစ်ဆိုးဟာ ကြီးမားတဲ့ ထိတ်လန့်မှုနဲ့ ဝမ်းနည်းမှုတွေကို ဖြစ်ပေါ်စေခဲ့ပြီး အသိုက်အဝန်း တခုလုံးမှာ နက်ရှိုင်းတဲ့ ဆုံးရှုံးမှုကို ခံစားခဲ့ကြရပါတယ်” လို့ ကြေညာချက်မှာ ပြောပါတယ်။
အာရီယာသော့ပ်ရဲ့ မိသားစုအတွက် အလွန်ခက်ခဲတဲ့အချိန် ဖြစ်တယ်လို့လည်း ထပ်လောင်းပြောကြားခဲ့ပါတယ်။
Source: Reuters


