
ဟောလိဝုဒ် ရုပ်ရှင်ဒါရိုက်တာ ရော့ဘ် ရိန်နာ နဲ့ ဇနီးသည်တို့ နေအိမ်မှာ ဓားဒဏ်ရာတွေနဲ့ သေဆုံးနေတာကို တွေ့ရှိခဲ့ရပြီးနောက် သားဖြစ်သူကို လူသတ်မှုသံသယနဲ့ ဖမ်းဆီးလိုက်ပါတယ်။
ဒီဇင်ဘာ ၁၄ ရက်က လော့စ်အိန်ဂျလိစ်မြို့ရှိ နေအိမ်မှာ မိဘနှစ်ပါးစလုံး ဒဏ်ရာတွေနဲ့ သေဆုံးနေတာကို သမီးဖြစ်သူက စတင်တွေ့ရှိခဲ့တာလို့ ရဲတပ်ဖွဲ့က ဆိုပါတယ်။
အခင်းဖြစ်ပွားပြီး နာရီပိုင်းအကြာ ဒီဇင်ဘာ ၁၄ ရက် ညပိုင်းမှာပဲ အသက် ၃၂ နှစ်အရွယ် သားဖြစ်သူ နစ်ခ် ရိန်နာကို ဖမ်းဆီးခဲ့ပြီး အာမခံမပေးဘဲ ထိန်းသိမ်းထားတယ်လို့ သိရပါတယ်။
အသက် ၇၈ နှစ်အရွယ် ရော့ဘ် ရိန်နာဟာ "When Harry Met Sally" အပါအဝင် နာမည်ကြီး ရုပ်ရှင်ကားပေါင်းများစွာကို ရိုက်ကူးခဲ့တဲ့ ဝါရင့်ဒါရိုက်တာတယောက် ဖြစ်ပါတယ်။
သံသယတရားခံ နစ်ခ် ရိန်နာဟာ ယခင်က မူးယစ်ဆေးစွဲတာတွေနဲ့ ရုန်းကန်ခဲ့ရဖူးသူဖြစ်ပြီး မိသားစုအရေးကို အခြေခံထားတဲ့ "Being Charlie" ဇာတ်ကားကိုလည်း ဖခင်ဖြစ်သူနဲ့ တွဲဖက်ရိုက်ကူးခဲ့ဖူးပါတယ်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်ကတော့ ရိန်နာဟာ “ထရမ့်ပ်ဆန့်ကျင်ရေး အစွဲအလမ်းကြီးရောဂါ (Trump Derangement Syndrome) စွဲကပ်နေပြီး သူ့ရဲ့ နိုင်ငံရေးအစွဲအလမ်းတွေကတဆင့် လူတွေကို ဒေါသထွက်စေခဲ့တာကြောင့် အခုလို အသတ်ခံရတာဖြစ်ကြောင်း လူမှုကွန်ရက်မှာ ရေးသားခဲ့ပါတယ်။ ရိန်နာရဲ့ မိတ်ဆွေတွေနဲ့ အနုပညာရှင်တွေကတော့ သမ္မတထရမ့်ပ်ရဲ့ ပြောဆိုမှုကို ဝေဖန်ခဲ့ကြပါတယ်။
Source:Reuters


