
အာဖရိကမြောက်ပိုင်းဒေသက မော်ရိုကိုနိုင်ငံရဲ့၊ အတ္တလန္တိတ်ကမ်းရိုးတန်းပြည်နယ် စာဖီမှာ မိုးသည်းပြီး ရေကြီးရေလျှံခဲ့လို့ လူ ၃၇ ယောက်ထက်မနည်း သေဆုံးပြီး လူ ၁၄ ယောက် အထူးကြပ်မတ်ကုသဆောင်မှာ ဆေးကုခံနေရဆဲလို့ မော်ရိုကိုအာဏာပိုင်တွေက ဒီဇင်ဘာ ၁၅ ရက်မှာ ပြောပါတယ်။
ဒီဇင်ဘာ ၁၄ ရက်က သဲကြီးမဲကြီး မိုးရွာခဲ့လို့ စာဖီ ဆိပ်ကမ်းမြို့ဟောင်းက အိမ်တွေ ဈေးဆိုင်တွေ ရေလွှမ်းခဲ့ပြီး ကားတွေ ရေနဲ့မျောပါသွားခဲ့တာပါ။
မော်ရိုကိုမြို့တော် ရာဘတ်ရဲ့ တောင်ဘက် ၂၀၅ မိုင်အကွာက မြို့တွင်းနဲ့ အနီးတဝိုက်က လမ်းတွေ အမြောက်အမြား ပျက်စီးခဲ့ပါတယ်။
တနင်္လာနေ့မှာ မြို့တွင်းက ကျောင်းတွေကို ပိတ်ထားခဲ့ပြီး ဒေသခံတွေက ပျက်စီးဆုံးရှုံးမှုတွေကို အကဲဖြတ်ခဲ့ပြီး ရေကြီးရေလျှံနေတဲ့အိမ်တွေကို သန့်ရှင်းရေးလုပ်ခဲ့ကြပါတယ်။
ဒေသခံမီဒီယာတွေရဲ့ ဗီဒီယိုတွေထဲမှာ မြို့ဟောင်းက လမ်းတွေ၊ ရေမြုပ်နေတဲ့ ကားတွေအပြင် အာဏာပိုင်တွေက ကယ်ဆယ်ရေးလုပ်ငန်းတွေမှာ လှေတွေကို သုံးနေပုံတွေကို ပြထားပါတယ်။
မော်ရိုကိုနိုင်ငံမှာ အဓိကရေလှောင်ကန်တချို့ ရေခန်းတဲ့အထိ ၇ နှစ်ကြာ မိုးခေါင်အပြီး အတ်လက်စ် တောင်တန်းတွေမှာ မိုးသည်းတာနဲ့ ဆီးနှင်းတွေ ကျဆင်းတာတွေကို ကြုံတွေ့ နေရပါတယ်။
Source: Reuters


