
မန်ယူနိုက်တက်ကွင်းလယ်လူ ကိုဘီမိန်းနူးကို လွတ်လပ်ခွင့်ပေးဖို အစ်ကိုဖြစ်သူ ဂျော်ဒန်မိန်နူးက ထုတ်ဖော် တောင်းဆိုသွားပါတယ်။
ဘုန်းမောက်အသင်းနဲ့ ၄ ဂိုးစီသရေကျတဲ့ပွဲစဉ်မှာ မိန်နူးရဲ့ အစ်ကိုဖြစ်သူ ဂျော်ဒန်မိန်နူးက အနက်ရောင်တီရှပ်ပေါ်မှာ FREE KOBBIE MAINOO ဆိုတဲ့ စာသား ရိုက်နှိပ်ပြီး ပွဲကြည့်စင်ကနေ ထုတ်ဖော်တောင်းဆိုသွားခဲ့တာပါ။
မိန်နူးဟာ ဘုန်းမောက်နဲ့ပွဲမှာ ပွဲချိန် ၆၁ မိနစ်မှာ လူစားဝင်ကစားခွင့်ရခဲ့ပေမဲ့ ပရီးမီးယားလိဂ်မှာ ပွဲထွက်ကစားခွင့်မရရှိသေးဘဲ စုစုပေါင်း ၂၁၂ မိနစ်ပဲ ပွဲကစားခွင့်ရရှိခဲ့သူပါ။
ဂျော်ဒန်မိန်နူးဟာ မိန်နူးရဲ့ ကစားသမားဘဝတလျှောက်မှာ အနီးကပ် ကူညီပံ့ပိုးပေးခဲ့သူဖြစ်ပြီး ညီဖြစ်သူပွဲထွက်ခွင့်မရရှိတဲ့အချိန်မှာ အသင်းပြောင်းရွှေ့ခွင့်ပြုဖို့ တောင်းဆိုသွားခဲ့တာဖြစ်ပါတယ်။
မိန်နူးဟာ လာမဲ့ဇန်နဝါရီအပြောင်းအရွှေ့မှာ အသင်းကနေ ထွက်ခွါလိုနေပြီး နာပိုလီအပါအဝင် ချဲလ်ဆီးကလည်း ခေါ်ယူလိုနေပါတယ်။
မန်ယူနည်းပြရူဘင်အာမိုရင်ကတော့ ကွင်းလယ်လူ ကိုဘီမိန်နူးကို အငှားစာချုပ်နဲ့ ထွက်ခွာခွင့်ပြုမှာ မဟုတ်ဘဲ အသင်းမှာ ဆက်ထိန်းသွားဖို့ ဆန္ဒရှိနေတယ်လို့ သိရပါတယ်။
Photo: Reuters


