
ဒီမိုကရေစီရေးလှုပ်ရှားသူ ဟောင်ကောင်မီဒီယာသူဌေးကြီး ဂျင်မီလိုင်ဟာ ပြည်ပအင်အားစုတွေနဲ့ လျှို့ဝှက်ပူးပေါင်းကြံစည်မှု၊ နိုင်ငံတော်အကြည်ညိုပျက်စေတဲ့အရာတွေ ပုံနှိပ်ထုတ်ဝေမှုတွေ အတွက် အပြစ်ရှိတယ်လို့ ဟောင်ကောင်ဟိုက်ကုတ်တရားရုံးက ဒီဇင်ဘာ ၁၅ ရက်မှာ ဆုံးဖြတ်လိုက်ပါတယ်။
တရုတ်ပြည်မကြီးက ချမှတ်ထားတဲ့ အမျိုးသားလုံခြုံရေးဥပဒေအရ လိုင်ဟာ ထောင်ဒဏ်တသက်တကျွန်းအထိ ချမှတ်ခံရနိုင်ဖွယ် ရှိနေပါတယ်။
လိုင်ဟာ တရုတ်နိုင်ငံအပေါ် နှစ်ပေါင်းများစွာ မုန်းတီးနာကြည်းမှုတွေ ရှိခဲ့တယ်ဆိုတာ သံသယဖြစ်စရာ မရှိဘူးလို့ တရားသူကြီးက စီရင်ချက်ချမှတ်ချိန်မှာ ပြောကြားခဲ့ပါတယ်။
အခုပိတ်သိမ်းခံထားရတဲ့ Apple Daily သတင်းစာကို တည်ထောင်သူ ဂျင်မီလိုင်ဟာ တရုတ်ကွန်မြူနစ်ပါတီ ခေါင်းဆောင်ပိုင်းကို အဓိက ဝေဖန်သူတယောက်လည်း ဖြစ်ပါတယ်။
အမှုရင်ဆိုင်နေရချိန်အတွင်း ထောင်ထဲမှာ ၅ နှစ်ကြာ နေခဲ့ရပြီးဖြစ်တဲ့ လိုင်အတွက် ပြစ်ဒဏ်ချမှတ်မဲ့ ရက်ကိုတော့ နောက်မှ သတ်မှတ်မှာ ဖြစ်ပါတယ်။
ဇန်နဝါရီ ၁၂ ရက်နေ့မှာတော့ ထောင်ဒဏ်မချမှတ်မီ ပြစ်ဒဏ်လျှော့ပေါ့ပေးဖို့ လျှောက်လဲချက်ကို ကြားနာသွားမှာ ဖြစ်ပါတယ်။
အသက် ၇၈ နှစ်အရွယ်ရှိပြီဖြစ်တဲ့ လိုင်ဟာ ဆီးချိုနဲ့ သွေးတိုးရောဂါ ခံစားနေရသူဖြစ်ပြီး စွဲချက် ၃ ခုစလုံးအတွက် အပြစ်မရှိကြောင်း ငြင်းဆိုထားပါတယ်။
ဟောင်ကောင်ရဲ့ အကြီးဆုံး အတိုက်အခံ ဒီမိုကရက်တစ်ပါတီ ဖျက်သိမ်းလိုက်ပြီး တရက်အကြာမှာ လိုင်အမှုကို စီရင်ချက်ချခဲ့တာပါ။
Source: Reuters


