
ရီးရဲလ်မက်ဒရစ်အသင်းသားအားလုံးဟာ နည်းပြအလွန်ဆိုရဲ့နောက်မှာ ရာနှုန်းပြည့်ရှိနေတယ်လို့ ကွင်းလယ်လူ ဘယ်လင်ဂမ်က ပြောပါတယ်။
ရီးရဲလ်အသင်းဟာ ချန်ပီယံလိဂ်မှာ မန်စီးတီးကို အိမ်ကွင်းမှာ ၂ ဂိုး ၁ ဂိုးနဲ့ အရေးနိမ့်ခဲ့ပြီးနောက် နည်းပြအလွန်ဆိုအပေါ် ဖိအားတွေ ပိုများလာခဲ့တာပါ။
သတင်းတွေအရ အလွန်ဆိုနေရာအတွက် ယာဂန်ကလော့ပ်နဲ့ အစားထိုးမယ်ဆိုတဲ့ ကောလဟလတွေလည်း ထွက်ပေါ်နေချိန်မှာ နည်းပြအလွန်ဆိုကို အားပေးထောက်ခံကြောင်း ဘယ်လင်ဂမ်က ပြောသွားတာပါ။
နည်းပြအလွန်ဆိုဟာ ခမ်းနားကြီးမားတဲ့နည်းပြဖြစ်ပြီး မိမိအနေနဲ့ ပုဂ္ဂိုလ်ရေးအရလည်း ကောင်းမွန်တဲ့ ဆက်ဆံရေးရှိကြောင်း၊ အသင်းသားအားလုံးဟာလည်း နည်းပြအပေါ် ၁၀၀ ရာခိုင်နူန်းအပြည့် အားပေးထောက်ခံကြောင်း မန်စီးတီးနဲ့ ရှုံးပွဲအပြီးမှာ ဘယ်လင်ဂမ်က ပြောပါတယ်။
မက်ဒရစ်ကလပ်ဟာ စပိန်လာလီဂါမှာလည်း ဘာစီလိုနာရဲ့ ၄ မှတ်ဖြတ်ခြင်းခံထားရပြီး နည်းပြအလွန်ဆိုအပေါ် ဖိအာတွေပိုများလာခဲ့တာ ဖြစ်ပါတယ်။
Photo:Reuters


