
လူစားလဲမှုအပေါ် လက်မခံချင်တဲ့အပြုအမူလုပ်ဆောင်ခဲ့တဲ့ ဘယ်လင်ဂမ်အပေါ် ပြန်လည်သုံးသပ် သွားမယ်လို့ အင်္ဂလန်နည်းပြတူဟယ်က ပြောပါတယ်။
ဘယ်လင်ဂမ်ဟာ ဆားဘီးယားနဲ့ပွဲမှာ လူစားဝင်ကစားခဲ့ပြီး အာမေးနီးယားနဲ့ပွဲစဉ်မှာ ပွဲထွက်ခွင့်ရခဲ့သူပါ။
ပွဲချိန် ၈၄ မိနစ်မှာ မော်ဂန်ရော်ဂျာနဲ့ လူစားလဲခဲ့တဲ့အပေါ် ဘယ်လင်ဂမ်က မကျေမနပ်ဖြစ်တဲ့ အပြုအမူလုပ်ဆောင်ခဲ့တာပါ။
အဲဒီအခြေအနေအပေါ် ပြန်မပြောချင်တော့ပေမဲ့ အပြုအမူက အဓိကအချက်ဖြစ်ပြီး လူစားဝင်တဲ့ အသင်းဖော်တွေအပေါ် လေးစားမှုရှိသင့်ကြောင်းနဲ့ နည်းပြအဖွဲ့က ဆုံးဖြတ်ပြီးသားကိစ္စ အပေါ် ကစားသမားတယောက်အနေနဲ့ လက်ခံဖို့လိုအပ်ကြောင်း နည်းပြတူဟယ်က ပြောပါတယ်။
လူစားလဲခံရတဲ့အပေါ် ဘယ်လင်ဂမ်မပျော်မရွှင်ဖြစ်ခဲ့တာကိုမြင်ရပြီး သူ့ရဲ့အပြုအမူအပေါ် ပြန်လည် သုံးသပ်ဆွေးနွေးသွားမှာဖြစ်ကြောင်း နည်းပြတူဟယ်က ပြောသွားပါတယ်။
Photo:Reuters


