
လာမယ့် ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲရောက်မှသာ နိုင်ငံတော်သီချင်းသီဆိုဖို့ စဉ်းစားမယ်လို့ အင်္ဂလန်နည်းပြ တူဟယ်က ပြောသွားပါတယ်။
အင်္ဂလန်အသင်းနည်းပြ အဆက်ဆက်ဟာ ပြိုင်ပွဲမတိုင်ခင် နိုင်ငံတော် သီချင်းသီဆိုရာမှာ အသင်းသားတွေနဲ့အတူ လိုက်ပါသီဆိုတဲ့ အစဉ်အလာရှိခဲ့တာပါ။
ဂျာမန်နည်းပြ တူဟယ်ဟာ အင်္ဂလန်အသင်းကို တာဝန်ယူလာတဲ့ ၉ ပွဲရှိလာခဲ့ပေမဲ့ အသင်းရဲ့ အစဉ်အလာအတိုင်း နိုင်ငံတော်သီချင်း လိုက်ဆိုခြင်းမရှိသေးတာပါ။
အဲဒီအပေါ် အင်္ဂလန်မီဒီယာတွေက မေးမြန်းခဲ့ရာမှာ ကမ္ဘာ့ဖလားရောက်ရင် နိုင်ငံတော်သီချင်း လိုက်ပါသီဆိုဖို့ စဉ်းစားမှာဖြစ်ကြောင်း ပြန်လည်ဖြေကြားခဲ့တာပါ။
အစဉ်အလာကို ဆက်လက်ထိန်းသိမ်းဖို့ စဉ်းစားမှာဖြစ်ပြီး ကမ္ဘာ့ဖလားမှာ သီဆိုဖြစ်မလားဆိုတာ စောင့်ကြည့်ရမှာ ဖြစ်ကြောင်း နည်းပြတူဟယ်က ပြောသွားပါတယ်။


