
အင်္ဂလန်အသင်းမှာ ရီးရဲလ်ကွင်းလယ်ကစားသမား ဘယ်လင်ဂမ်မပါဝင်လည်း ကမ္ဘာ့ဖလားရယူနိုင်စွမ်းရှိတယ်လို့ နည်းပြ သောမက်စ်တူဟယ်က ပြောသွားပါတယ်။
ဘယ်လင်ဂမ်လို ဖန်တီးနိုင်မှု စွမ်းဆောင်ရည် အမြင့်ဆုံး ကစားသမာတယောက် မပါဝင်ဘဲ ကမ္ဘာ့ဖလားမရနိုင်ကြောင်း သတင်းစာရှင်းလင်းပွဲတခုမှာ သတင်းထောက်တယောက်ရဲ့ မှတ်ချက်အပေါ် နည်းပြတူဟယ်က တုံ့ပြန်မေးခွန်း ထုတ်ခဲ့တာပါ။
ဘယ်လင်ဂမ်မပါဘဲ ကမ္ဘာ့ဖလားမရနိုင်ဘူးဆိုတဲ့အချက်အပေါ် သက်သေရှိသလားလို့ နည်းပြ တူဟယ်က ဆက်လက်မေးခွန်းထုတ်ခဲ့ပြီး အသင်းလိုက်စုစည်းညီညွတ်မှုကသာ ကမ္ဘာ့ဖလား ရယူနိုင်မှာဖြစ်ကြောင်း တူဟယ်က ပြောပါတယ်။
ဘယ်လင်ဂမ်ဟာ ပြီးခဲ့တဲ့ တနှစ်တာအတွက် အင်္ဂလန်အသင်းရဲ့အကောင်းဆုံးက စားသမားဆု ရရှိထားသူပါ။
လီဗာပူးလိုအသင်းမှာ မိုဆာလာပါဝင်မယ်ဆိုရင် ကွဲပြားမှုတွေ ရှိလာနိုင်ပေမဲ့ အင်္ဂလန်အသင်းမှာ တော့ ကစားသမားတယောက် မပါဝင်နိုင်တာ လီဗာပူးအသင်းမှာလောက် သက်ရောက်မှု မရှိကြောင်း နည်းပြတူဟယ်က ပြောသွားပါတယ်။
Photo:Reuters


