
အိမ်ကွင်း ဘာနေဗျူးမှာ ကစားရမယ့် အာဆင်နယ်နဲ့ ချန်ပီယံလိဂ် ဒုတိယအကျော့ပွဲစဉ်ဟာ ဘာမဆိုဖြစ်သွားနိုင်ကြောင်း ကွင်းလယ်လူ ဘယ်လင်ဂမ်က ပြောသွားပါတယ်။
မက်ဒရစ်ကလပ်ဟာ ပထမအကျော့မှာ အာဆင်နယ်ကို ၃ ဂိုး ဂိုးမရှိနဲ့ ရှုံးနိမ့်ခဲ့ပြီး ဒုတိယအကျော့ အိမ်ကွင်းပွဲစဉ်မှာ ထင်မှတ်မထားတဲ့ စွမ်းဆောင်ရည် ပြသနိုင်ဖို့ လိုအပ်နေတာပါ။
အာဆင်နယ်အသင်းက အမှန်တကယ် ကောင်းမွန်တဲ့အသင်း ဖြစ်သလို နည်းပြကောင်းတယောက်လည်း ရှိလို့ စည်းလုံးညီညွတ်မှုရှိစွာနဲ့ ကစားနိုင်ဖို့လိုအပ်ပြီး အိမ်ကွင်း ဘာနေဗျူးမှာ ဘာမဆိုဖြစ်သွားနိုင်ကြောင်း ဘယ်လင်ဂမ်က ပြောခဲ့တာပါ။
ပထအကျော့ပွဲစဉ်မှာ ဖရီးကစ်သွင်းဂိုး ၂ ဂိုး ရခဲ့တဲ့ ဒက်ကလန်ရိုက်စ်ရဲ့ စွမ်းဆောင်ရည်ကို အံ့အားသင့်မိပြီး အဲဒီလိုသွင်းဂိုး မမြင်ခဲ့ဘူးကြောင်း ဘယ်လင်ဂမ်က ပြောသွားပါတယ်။