
ရလဒ်မကောင်းဖြစ်နေပေမဲ့ အသင်းရဲ့ အားပေးထောက်ခံမှု ရရှိနေဆဲဖြစ်ကြောင်း ရီးရဲလ်နည်းပြ အန်စလော့တီက ပြောသွားပါတယ်။
မက်ဒရစ်ကလပ်ဟာ နောက်ဆုံး လာလီဂါ ၉ ပွဲမှာ ၃ ပွဲအထိ ရှုံးနိမ့်ခဲ့ပြီး ချန်ပီယံလိဂ်မှာ အာဆင်နယ်ကို ၃ ဂိုးပြတ် ရှုံးနိမ့်ခဲ့လို့ ပြိုင်ပွဲကနေ ထွက်ခွါရဖို့ ရှိနေတာပါ။
နည်းပြ အန်စလော့တီကတော့ ရလဒ်မကောင်းဖြစ်နေပေမဲ့ ခက်ခဲတဲ့အချိန်တိုင်းမှာ အသင်းရဲ့ အားပေးထောက်ခံမှု အမြဲတမ်းရရှိကြောင်း ပြောပါတယ်။
ရီးရဲလ်နဲ့ အနာဂတ်ကိစ္စအပေါ်မှာတော့ လာမယ့်ရာသီပြီးဆုံးချိန်အထိ စာချုပ်သက်တမ်း ရှိတာကြောင့် လက်ရှိအချိန်မှာ ပြောစရာမရှိကြောင်း ရာသီကုန်ဆုံးချိန်ရောက်မှ စကားပြောဆိုသွားမှာဖြစ်ကြောင်း နည်းပြအန်စလော့တီက ပြောပါတယ်။
မက်ဒရစ်ဟာ လာလီဂါမှာလည်း ဘာစီလိုနာထက် တပွဲလျော့အခြေအနေမှာ ၇ မှတ်အထိ ကွာဟနေတာ ဖြစ်ပါတယ်။