Home
မြန်မာသတင်း
ဗင်နီဆီးယက်စ်နေရာ၌ နီကိုဝီလီယံဖြင့် အစားထိုးရန် ရီးရဲလ်မက်ဒရစ် သတ်မှတ်
DVB
·
March 21, 2025
နီကိုဝီလီယံ၊ photo:Reuters

ရီးရဲလ်မက်ဒရစ်အသင်းဟာ တောင်ပံတိုက်စစ်မှူး ဗင်နီဆီးယက်စ်နေရာမှာ အစားထိုးနိုင်သူအဖြစ် ဘီလ်ဘာအို တောင်ပံကစားသမား နီကိုဝီလီယံကို သတ်မှတ်ထားတယ်လို့ သိရပါတယ်။

ဘရာဇီး တိုက်စစ်မှူးဟာ ဆော်ဒီလိဂ်ကလပ်တွေဆီ ပြောင်းရွှေ့မယ့်သတင်းတွေ ထွက်ပေါ်နေတာကြောင့် အပြောင်းအရွှေ့ ဖြစ်လာမယ်ဆိုရင် ကစားသမားသစ်တယောက်နဲ့ အစားထိုးဖို့အတွက် မက်ဒရစ်ဘက်က ပြင်ဆင်လာခဲ့တာပါ။

ဂျာမန်သတင်းစာ Bild ရဲ့ ဖော်ပြချက်အရ မက်ဒရစ်ဟာ ဘီလ်ဘာအို တောင်ပံကစားသမား နီကိုဝီလီယံရဲ့ ခြေစွမ်းကို သဘောကျနေပြီး ဗင်နီဆီးယက်စ် ထွက်ခွါမယ်ဆိုရင် အစားထိုး ခေါ်ယူသွားဖို့ စဉ်းစားထားတယ်လို့ သိရပါတယ်။

အသက် ၂၂ နှစ်ရှိ စပိန်လက်ရွေးစင်ကစားသမားဟာ ပြီးခဲ့တဲ့ ယူရို ၂၀၂၄ မှာ စပိန်အသင်းကို ချန်ပီယံဆုဖလားရရှိအောင် စွမ်းဆောင်နိုင်ခဲ့သူဖြစ်ပြီး မက်ဒရစ်ကလပ်အပြင် ဥရောပထိပ်သီး အသင်းတိုင်းက ခေါ်ယူလိုနေတာ ဖြစ်ပါတယ်။

Photo:Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013