
ရီးရဲလ်မက်ဒရစ်နဲ့ ချန်ပီယံလိဂ် ဒုတိယအကျော့ပွဲစဉ်မှာ ကွင်းလယ်လူ သောမက်စ်ပါတေး ပါဝင်နိုင် မလားဆိုတာ မပြောနိုင်သေးကြောင်း အာဆင်နယ်နည်းပြ အာတေတာက ပြောပါတယ်။
ပါတေးဟာ ဘရန့်ဖိုဒ်နဲ့ တဂိုးစီသရေကျခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ ညာနောက်ခံလူနေရာကနေ ကစားသွားခဲ့ပြီး ပွဲချိန် ၆၉ မိနစ်မှာ လူစားလဲခံခဲ့ရပါတယ်။
ပါတေးမှာ ဒဏ်ရာကြောင့် တခုခုနာကျင်တာမျိုး ရှိမယ်ဆိုရင် စွန့်စားပြီး အသုံးပြုသွားမှာ မဟုတ်ကြောင်းနဲ့ ဒဏ်ရာအခြေအနေကို အသင်းဆရာဝန်နဲ့ ဆွေးနွေးရခြင်း မရှိသေးတာကြောင့် မသိရှိနိုင်သေးကြောင်း နည်းပြအာတေတာက ပြောပါတယ်။
ပါတေးဟာ ရီးရဲလ်ကို ၃ ဂိုးပြတ် အနိုင်ရခဲ့တဲ့ ပထမအကျော့ပွဲစဉ်မှာ ခြေစွမ်းပြသနိုင်ခဲ့သလို ဘရန့်ဖိုဒ်နဲ့ ပွဲမှာလည်း ဦးဆောင်ဂိုးသွင်းယူနိုင်ခဲ့သူ ဖြစ်ပါတယ်။