
အာဆင်နယ်နဲ့ ဒုတိယအကျော့ပွဲစဉ်အတွက် ယုံကြည်မှုရှိနေဖို့ လိုအပ်ကြောင်း တိုက်စစ်မှူး အမ်ဘာပေက ပြောသွားပါတယ်။
ပြင်သစ်တိုက်စစ်မှူးဟာ အာဆင်နယ်ကို ၃ ဂိုးပြတ်ရှုံးနိမ့်ခဲ့တဲ့ ချန်ပီယံလိဂ် ကွာတားဖိုင်နယ် ပထမအကျော့ပွဲစဉ်မှာ ဂိုးပေါက်ကန်ချက် ၃ ကြိမ်သာ ရရှိခဲ့တာပါ။
၃ ဂိုးပြတ် ရှုံးနိမ့်ခဲ့ပေမဲ့ ဒုတိယအကျော့ ကျန်ရှိသေးတာကြောင့် အဆုံးအထိ ယုံကြည်မှုရှိနေဖို့ လိုအပ်ကြောင်း အမ်ဘာပေက သူ့ရဲ့အင်စတာဂရမ်ကနေ ရေးသားခဲ့တာပါ။
ချန်ပီယံလိဂ်မှာ ၃ ဂိုးနဲ့အထက်နဲ့ အနိုင်ရထားပေမဲ့ ဒုတိယအကျော့မှာ ပြန်လာနိုင်တဲ့ အသင်းတွေလည်း သာဓကရှိခဲ့ဖူးပါတယ်။
၂၀၁၇ ခုနှစ်က ဘာစီလိုနာအသင်းဟာ ပထမအကျော့မှာ ၄ ဂိုးပြတ် ရှုံးနိမ့်ခဲ့ပေမဲ့ ဒုတိယအကျော့မှာ ၆ ဂိုး ၁ ဂိုးနဲ့ အနိုင်ရခဲ့သလို လီဗာပူးအသင်းကလည်း ၂၀၁၉ ခုနှစ်က ဘာစီလိုနာကို ၃ ဂိုးပြတ် ရှုံးနိမ့်ခဲ့ပေမဲ့ ဒုတိယအကျော့မှာ ၄ ဂိုးပြန်သွင်းပြီး အနိုင်ရယူခဲ့ဖူးပါတယ်။
Photo;Reuters