
အဲဗာတန်နဲ့ပွဲမှာ ပေးလိုက်ရတဲ့ ပင်နယ်တီဟာ လုံးဝမဖြစ်သင့်ကြောင်း အာဆင်နယ်နည်းပြ အာတေတာ ဝေဖန်သွားပါတယ်။
အာဆင်နယ်ဟာ အဲဗာတန်နဲ့ပွဲမှာ ထရော့ဆတ်ရဲ့ ဂိုးနဲ့ ဦးဆောင်နိုင်ခဲ့ပေမဲ့ အဲဗာတန်ဘက်က ပင်နယ်တီရရှိပြီး တဂိုးစီသရေကျခဲ့ရတာပါ။
ပွဲအပြီးအင်တာဗျူးမှာတော့ အဲဗာတန်အသင်းကို ပေးလိုက်ရတဲ့ ပင်နယ်တီပြစ်ဒဏ်ကို ၁၅ ကြိမ်လောက် ကြည့်ရှုခဲ့ပြီး ပင်နယ်တီပြစ်ဒဏ် လုံးဝမဟုတ်ကြောင်း နည်းပြအာတေတာက အခိုင်အမာ ပြောပါတယ်။
ပွဲကိုထိန်းချုပ်နိုင်ခဲ့ပြီး ဒုတိယပိုင်းမှာ ပိုမိုထိန်းချုပ်နိုင်ဖို့ မျှော်လင့်ခဲ့ပေမဲ့ ကွင်းလယ်ဒိုင်ရဲ့ မပေးသင့်တဲ့ ပင်နယ်တီကြောင့် ပွဲရဲ့အလှည့်အပြောင်းဖြစ်ခဲ့ကြောင်း နည်းပြအာတေတာက ပြောပါတယ်။
အဲဗာတန်နည်းပြမိုယက်စ်ကတော့ ပင်နယ်တီရရှိတဲ့ဖြစ်ရပ်အပေါ် ပြန်မကြည့်ရသေးတာကြောင့် မှတ်ချက်မပေးလိုကြောင်း ပွဲအပြီးမှာ ပြောသွားပါတယ်။
Photo: Reuters