Home
အားကစား
အင်္ဂလန်တနှစ်တာ အကောင်းဆုံးကစားသမားဆု ဘယ်လင်ဂမ် ရရှိ
DVB
·
October 3, 2025
Photo :Reuters

အင်္ဂလန်အသင်းရဲ့ တနှစ်တာအကောင်းဆုံးကစားသမားဆုကို ရီးရဲလ်မက်ဒရစ် ကွင်းလယ်လူ ဂျု ဘယ်လင်ဂမ်က ရရှိသွားပါတယ်။

၂၀၂၄-၂၀၂၅ ခုနှစ်အတွင်း အင်္ဂလန်အသင်းရဲ့အကောင်းဆုံး ကစားသမားဆုကို ပရိသတ်တွေက မဲပေးရွေးချယ်ခဲ့တာဖြစ်ပြီး ဘယ်လင်ဂမ်က ဒက်ကလန်ရိုက်စ်နဲ့ ဟယ်ရီကိန်းတို့ကို ကျော်ဖြတ်ပြီး မဲအများဆုံးရရှိခဲ့တာပါ။

ဘယ်လင်ဂမ်ဟာ ၂၀၂၄ ခုနှစ် အောက်တိုဘာလမှာကစားခဲ့တဲ့ ဂရိနဲ့နေးရှင်းလိဂ်ပွဲစဉ်မှာ တ ဂိုးသွင်းခဲ့သလို အိုင်ယာလန်၊ အယ်လ်ဘေးနီးယားတို့နဲ့ ပွဲစဉ်တွေအပါအဝင် တနှစ်တာကာလအတွင်း သွင်းဂိုး ၃ ဂိုးနဲ့ ဂိုးဖန်တီးမှု ၅ ကြိမ် လုပ်ဆောင်နိုင်ခဲ့တာပါ။

ပခုံးဒဏ်ရာကြောင့် ပြီးခဲ့တဲ့ ဇွန်လက ကစားခဲ့တဲ့ ဆီနီဂေါနဲ့ ခြေစမ်းပွဲမှာ နောက်ဆုံးကစားခဲ့ပြီးနောက် အင်္ဂလန်အသင်းအတွက် ကစားပေးနိုင်ခြင်းမရှိသေးဘဲ လာမယ့် နိုင်ငံတကာပွဲစဉ်တွေမှာ ပြန်လည်ပါဝင်ကစားဖို့ ရှိပါတယ်။

Photo: Reuters 

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013