အင်္ဂလန်ကွင်းလယ်လူ ဂစ်ဘ်ဝှိုက် နော်တင်ဟမ်နှင့် ၃ နှစ်သက်တမ်းတိုး စာချုပ်ချုပ်ဆို
DVB
·
July 27, 2025

အင်္ဂလန်ကွင်းလယ်လူ ဂစ်ဘ်ဝှိုက်ဟာ နော်တင်ဟမ်ဖောရက်စ်နဲ့ ၃ နှစ်သက်တမ်းတိုး စာချုပ် ချုပ်ဆိုလိုက်ပါတယ်။
ဝှိုက်ဟာ စပါးအသင်းဆီပြောင်းရွှေ့ဖို့ သဘောတူညီမှုရယူနိုင်ခဲ့ကြောင်း သတင်းထွက်ပေါ်လာပြီးနောက်မှာ နော်တင်ဟမ်ဖောရက်စ်ဘက်က လက်မခံဘဲ တရားမဝင် ခေါ်ယူမှုနဲ့ စပါးအသင်းကို အက်ဖ်အေဆီ တိုင်ကြားခဲ့ပါသေးတယ်။
လက်ရှိအချိန်မှာတော့ စာချုပ်သက်တမ်းတိုးဖို့ လုပ်ဆောင်နိုင်ခဲ့တာဖြစ်ပြီး အသင်းမှာ ဆက်ရှိတော့မှာပါ။
အင်္ဂလန် လက်ရွေးစင်ကစားသမားဟာ နော်တင်ဟမ်အတွက် ၁၁၈ ပွဲ ကစားထားပြီး ၁၈ ဂိုးသွင်း၊ ၂၈ ကြိမ် ဂိုးဖန်တီးထားပါတယ်။