
တောင်ကိုရီးယားနိုင်ငံ၊ ဂွမ်ဂျူးမြို့ရှိ စာကြည့်တိုက်ဆောက်လုပ်ရေးလုပ်ငန်းခွင်မှာ ဒီဇင်ဘာ ၁၁ ရက်က သံအဆောက်အအုံ ပြိုကျပြီးနောက် အလုပ်သမားတယောက် သေဆုံးကာ ၂ ယောက် ပျောက်ဆုံးနေပြီး အောက်ထဲနစ်မြုပ်နေမှာကို စိုးရိမ်ရကြောင်း မီးသတ်အာဏာပိုင်တွေက ပြောပါတယ်။
ဆောက်လုပ်ရေးလုပ်ငန်းခွင်မှာ ကွန်ကရစ်လောင်းနေတုန်း ပြိုကျမှု ဖြစ်ပွားခဲ့ကြောင်း အာဏာပိုင်တွေက သတင်းထောက်တွေကို သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။
ဒီဇင်ဘာ ၁၁ ရက် မွန်းလွဲ ၁ နာရီ ၅၈ မိနစ်မှာ ပြိုကျမှု ဖြစ်ပွားခဲ့ပြီး မီးသတ်ဌာနက သတင်းပေးပို့မှုကို လက်ခံရရှိခဲ့ပါတယ်လို့ ဂွမ်ဂျူးအနောက်ပိုင်းခရိုင် မီးသတ်စခန်းရဲ့ မြေပြင်တုံ့ပြန်ရေးအဖွဲ့ အကြီးအကဲ ဘဲ့ခ်ဂျောင်းမင်က ပြောပါတယ်။
အသင့်ရောစပ်ထားတဲ့ ကွန်ကရစ်တွေ လောင်းနေချိန်အတွင်း သံကူကွန်ကရစ်အဆောက်အအုံ ပြိုကျခဲ့တာဖြစ်ပြီး အလုပ်သမား ၄ ယောက် ပိတ်မိနေကြောင်းကို အတည်ပြုခဲ့တယ်လို့လည်း ဆိုပါတယ်။
စတုတ္ထမြောက် လူတယောက် ပိတ်မိနေပြီး အာဏာပိုင်တွေဟာ အဲဒီအလုပ်သမားကို ကယ်ထုတ်ဖို့ ကြိုးစားနေကြောင်း ဂွမ်ဂျူး မီးသတ်အေဂျင်စီက ပြောပါတယ်။
Source: Reuters


