
မြောက်ကိုရီးယားဟာ ဒီဇင်ဘာ ၉ ရက်က ကိုရီးယားကျွန်းဆွယ်ရဲ့ အနောက်ဘက်ရှိ ပင်လယ်ပြင်ကို ရော့ကတ်လောင်ချာ အများအပြား ပစ်လွှတ်ခဲ့တယ်လို့ တောင်ကိုရီးယားရဲ့ ကာကွယ်ရေးဝန်ကြီးဌာနက ဒီဇင်ဘာ ၁၀ ရက်မှာ ပြောပါတယ်။
တောင်ကိုရီးယားစစ်တပ်က ဒီဇင်ဘာ ၉ ရက် ညနေ ၃ နာရီလောက်မှာ ပင်လယ်ဝါရဲ့ မြောက်ဘက်ရေပြင်ကို အမြောက်ဒုံးကျည် အမြောက်အမြား ပစ်လွှတ်ခဲ့တာကို ထောက်လှမ်း တွေ့ရှိခဲ့ပြီး တောင်ကိုရီးယားနဲ့ အမေရိကန်ထောက်လှမ်းရေး အာဏာပိုင်တွေဟာ ဒုံးကျည်တွေရဲ့ နည်းပညာဆိုင်ရာ အချက်အလက်တွေကို အသေးစိတ် ခွဲခြမ်းစိတ်ဖြာနေတယ်လို့ ဝန်ကြီးဌာနက ဆိုပါတယ်။
“ခိုင်မာတဲ့ တောင်ကိုရီးယား-အမေရိကန် ပေါင်းစပ်ကာကွယ်ရေး ရပ်တည်ချက်အောက်မှာ စစ်တပ်ဟာ မြောက်ကိုရီးယားရဲ့ အမျိုးမျိုးသော လုပ်ဆောင်ချက်တွေကို အနီးကပ် စောင့်ကြည့်နေပြီး ဘယ်လိုရန်စမှုကိုမဆို အလွန်အမင်းတုံ့ပြန်နိုင်တဲ့ စွမ်းရည်နဲ့ ရပ်တည်ချက်ကို ထိန်းသိမ်းထားဆဲပါ” လို့ တောင်ကိုရီးယားစစ်တပ်က ကြေညာချက်မှာ ပြောကြားခဲ့ပါတယ်။
ဝါရှင်တန်ဟာ ဆိုက်ဘာနဲ့ဆက်စပ်တဲ့ ငွေကြေးခဝါချမှုအစီအစဉ်တွေမှာ ပါဝင်ပတ်သက်နေတယ်လို့ ပြောကြားခဲ့တဲ့ မြောက်ကိုရီးယား လူပုဂ္ဂိုလ်တွေနဲ့ အဖွဲ့အစည်းတွေအပေါ် အမေရိကန်ရဲ့ ပိတ်ဆို့မှုအသစ်တွေကို ကြေညာခဲ့ပြီးနောက် နိုဝင်ဘာ ၇ ရက်မှာ မြောက်ကိုရီးယားဟာ အရှေ့ဘက်ကမ်းရိုးတန်းက ပင်လယ်ထဲကို ပဲ့ထိန်းဒုံးကျည်တစင်း ပစ်လွှတ်ခဲ့ပါတယ်။
Source:Reuters


