တရုတ်သဘာဝဥယျာဉ်တွင် ဝက်ဝံက ဝန်ထမ်းကိုတိုက်ခိုက်
DVB
·
December 11, 2025

တရုတ်နိုင်ငံ၊ ဟန်ကျိုးမြို့ရှိ တောရိုင်းတိရစ္ဆာန်ဥယျာဉ်တခုဖြစ်တဲ့ ဟန်ကျိုး ဆာဖာရီဥယျာဉ်မှာ တိုက်ရိုက်ဖျော်ဖြေတင်ဆက်မှုတခု လုပ်နေချိန်အတွင်း အာရှဝက်ဝံ အမည်းတကောင်က သူ့ရဲ့ အထိန်းသမားကို တိုက်ခိုက်ခဲ့တဲ့ဖြစ်ရပ် ဖြစ်ပွားခဲ့ပါတယ်။
ဒီဖြစ်ရပ်ဟာ ဟန်ကျိုး ဆာဖာရီဥယျာဉ်မှာ ဒီဇင်ဘာ ၆ ရက်က ဖြစ်ပွားခဲ့တာဖြစ်ပြီး ဒီအဖြစ်အပျက်ကို ပရိသတ်တွေက ဗီဒီယိုရိုက်ပြီး လူမှုမီဒီယာမှာ ပို့စ်တင်ထားကြပါတယ်။
ဒီဖြစ်ရပ်မှာ ပါဝင်ခဲ့တဲ့ ဝက်ဝံထိန်းဝန်ထမ်းနဲ့ အာရှဝက်ဝံနက်တို့ကတော့ ထိခိုက်ဒဏ်ရာရတာ မရှိကြောင်း ဥယျာဉ်က ပြောကြားခဲ့ပါတယ်။
Source: Reuters


