
အာရက္ခတပ်တော် (AA) ထိန်းချုပ်ထားတဲ့ ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်က ဆေးရုံကို စစ်တပ်က ဒီဇင်ဘာ ၁၀ ရက် ည ၉ နာရီကျော်က ဗုံးကြဲခဲ့တဲ့အတွက် ၁၀ ယောက်သေဆုံးပြီး အများအပြား ဒဏ်ရာရသွားတယ်လို့ AA က သတင်းထုတ်ပြန်သလို ဒေသတွင်း မီဒီယာတွေကလည်း ဖော်ပြကြပါတယ်။
မြောက်ဦးမြို့နယ် ပြည်သူ့ဆေးရုံကြီးကို ပေါင် ၅၀၀ ဗုံး ၂ လုံး ကြဲချခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
အဲဒီလို ဗုံးကြဲချခဲ့တဲ့အတွက် သေဆုံးတဲ့ဦးရေဟာ ပိုများလာနိုင်တယ်လို့လည်း ဆိုပါတယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာလကုန်ပိုင်းကလည်း ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ် ကြောင်ဖိုရွာကို စစ်တပ်က ဗုံးကြဲခဲ့တဲ့အတွက် ကလေးသူငယ်တွေ အပါအဝင် ၇ ယောက်သေဆုံးပြီး ၁၀ ယောက် ဒဏ်ရာရခဲ့ပါတယ်။


