
ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ ၇ ဗဟိုဌာနချုပ်နယ်မြေကို ဒီဇင်ဘာ ၁၀ ရက် ဒီမနက် ၂ နာရီခွဲလောက်မှာ စစ်ကောင်စီတပ်က ကာမီကာဇီ အသေခံဒရုန်း ၆ စီးနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ KNU တပ်ဖွဲ့ဝင်တွေဆီက သိရပါတယ်။
မြေပြင်တော်လှန်ရေးတပ်ဖွဲ့ဝင်တယောက်က “ကာမီကာဇီ ဒရုန်းနဲ့လာကြဲတာ အားလုံး ၆ စီး။ တစုံတရာထိခိုက်မှုတော့ မရှိဘူး။ KNU ပြန်ကြားရေးက သတင်းထုတ်ပြန်ပါလိမ့်မယ်။ စပြီးလာကြဲတာကတော့ လူခြေတိတ်ချိန်ပါ။ ည ၂ နာရီ ၃၀ မှာ ထိခိုက်မှု မရှိပါဘူး” လို့ ပြောပါတယ်။
စစ်ကောင်စီက ပြီးခဲ့တဲ့ ဇွန် ၁၁ ရက်ညနဲ့ ၁၂ ရက်ညတွေကလည်း KNU တပ်မဟာ ၇ နယ်မြေ ဗဟိုဌာနချုပ်ရုံးအနီးကို အသေခံဒရုန်း ၇ စီးနဲ့ တိုက်ခိုက်ခဲ့သလို ဇန်နဝါရီ ၃၁ ရက်ကလည်း ဒရုန်းနဲ့ ဗုံး ၂ လုံးကြဲချ် တိုက်ခိုက်ခဲ့တာကြောင့် အရပ်သားတယောက် ဒဏ်ရာရရှိခဲ့ပါတယ်။
စစ်ကောင်စီတပ်တွေ ကရင်ပြည်နယ်ထဲ အင်အားဖြည့် ဝင်ရောက်နေပြီး ဒီဇင်ဘာ ၆ ရက်ညကလည်း KTLA ကော်သူလေးစစ်ဌာနချုပ်စခန်းငယ်တခုကို ကာမီကာဇီဒရုန်းနဲ့ ဗုံး ၄ လုံးကြဲချပြီး တိုက်ခိုက်ခဲ့သေးတယ်လို့ မြေပြင်တော်လှန်ရေးတပ်ဖွဲ့ဝင်တွေဆီက သိရပါတယ်။


