
နိုင်ဂျီးရီးယားနိုင်ငံ၊ နိုင်ဂျာပြည်နယ်မှာ ကျောင်းသား အယောက် ၁၀၀ ဟာ ပြန်ပေးဆွဲသူတွေရဲ့ ဖမ်းဆီးတာ ခံရပြီးတဲ့နောက် ဒီဇင်ဘာ ၈ ရက်မှာ အာဏာပိုင်တွေက ကျန်နေသေးတဲ့ ဓားစာခံတွေ လွတ်မြောက်တာ သေချာစေဖို့ ကြိုးစားလုပ်ဆောင်နေပါတယ်။
ကလေးတွေဟာ နိုင်ဂျာပြည်နယ် အစိုးရအိမ်တော်ဆီ ဘတ်စ်ကားတွေ၊ သံချပ်ကာယာဉ်တွေနဲ့ ရောက်လာခဲ့တာပါ။
ကလေးတွေ သူတို့မိသားစုတွေနဲ့ ပြန်မပေါင်းစည်းမီ ဆေးစစ်ခံဖို့ စီစဉ်ထားတယ်လို့ အစိုးရအရာရှိတွေက ပြောပါတယ်။
လွတ်မြောက်လာတဲ့ ကျောင်းသားတယောက်ဖြစ်သူ ဖလောရန့်စ် မိုက်ကယ်က “ပြန်ပေးသမားတွေက ကျနော်တို့ကို တာလပတ်ပေးတယ်၊ ကျနော်တို့က တာလပတ်တွေကို ချထားသင့်တယ်၊ လှဲအိပ်နေသင့်တယ်၊ သူတို့အတွက် ဆူညံသံတွေ မလုပ်သင့်ဘူး” လို့ ပြောပါတယ်။
နိုင်ဂျာပြည်နယ် အုပ်ချုပ်ရေးမှူး မိုဟာမက် အူမာ-ဘာဂိုက ကျန်နေသေးတဲ့ သုံ့ပန်းတွေကို ပြန်ရဖို့ အကောင်းမြင်ထားတယ်လို့ ပြောပါတယ်။
“ကျနော်တို့က သုံ့ပန်းအဖြစ် ကျန်နေခဲ့တဲ့ ကျောင်းသားတွေကို ပြန်လိုချင်တယ်၊ ဘုရားသခင်ရဲ့ ကျေးဇူးတော်ကြောင့် မကြာခင် ကျနော်တို့က သူတို့ကို ပြန်ရတော့မှာပါ။”
ပြန်ပေးဆွဲခံရတဲ့ ကလေးတချို့က အသက် ၆ နှစ်သာ ရှိပါသေးတယ်။ သူတို့ဟာ နိုင်ဂျာပြည်နယ်၊ ပါပီရီမြို့က ပုဂ္ဂလိက ကက်သလစ်ကျောင်းတကျောင်းကနေ နိုဝင်ဘာ ၂၁ ရက်က ပြန်ပေးဆွဲခံခဲ့ရတဲ့ ကလေးတွေ ဖြစ်ပါတယ်။
Source: Reuters


