
အခုသီတင်းပတ်အတွင်း နိုင်ဂျီးရီးယားနိုင်ငံ ကက်သလစ်ကျောင်းတကျောင်းကနေ ကလေးနဲ့ ဝန်ထမ်း အယောက် ၃၀၀ ကျော် ပြန်ပေးဆွဲခံခဲ့ရပါတယ်။
ပြန့်ကျဲနေတဲ့ အဝတ်အစားတွေနဲ့ သတ္တုခုတင်တွေသာ ဖျက်ဆီးခံထားရတဲ့ အခန်းတွေထဲမှာ ကျန်ခဲ့တာကို ဒေသခံ ဂိုဏ်းချုပ်ဘုန်းတော်ကြီးက ထုတ်ပြန်တဲ့ ဓာတ်ပုံတွေက ပြထားပါတယ်။
စိန့်မေရီကျောင်းက ဓာတ်ပုံတွေထဲမှာ ဝင်ရောက်စီးနင်းမှုရဲ့ နောက်ဆက်တွဲ မြင်ကွင်းတွေ၊ ကျောင်းအုပ်ကြီးနဲ့ ဘုန်းတော်ကြီး ဘူလပ်စ် ယိုဟန်နာတို့က တိုက်ခိုက်မှုအတွင်း အဖမ်းခံရတဲ့ ကလေးတွေရဲ့ မိဘတွေနဲ့ တွေ့ဆုံနေပုံတွေကို ပြသထားပါတယ်။
ဓာတ်ပုံတွေရဲ့ တည်နေရာကို ဆိုင်းဘုတ်တွေ၊ အဆောက်အအုံတွေနဲ့ သစ်ပင်တွေကနေ တစိတ်တပိုင်း အတည်ပြုနိုင်ခဲ့ပြီး အဲဒီနေရာက ဂြိုဟ်တုပုံရိပ်တွေနဲ့ ကိုက်ညီနေပါတယ်။ ဓာတ်ပုံတွေ ရိုက်ကူးခဲ့တဲ့ ရက်စွဲကို လွတ်လွတ်လပ်လပ် အတည်မပြုနိုင်သေးပါဘူး။
အခု ပြန်ပေးဆွဲမှုဟာ နိုင်ဂျီးရီးယားမှာ လက်နက်ကိုင်အဖွဲ့တွေနဲ့ အစ္စလာမ္မစ်သူပုန်တွေရဲ့ တိုက်ခိုက်မှုတွေ မြင့်တက်လာချိန်မှာ ပေါ်ပေါက်ခဲ့တာပါ။
ခရစ်ယာန်တွေအပေါ် ဆက်ဆံပုံနဲ့ ပတ်သက်ပြီး အခုလထဲမှာ စစ်ရေးအရ အရေးယူမယ်လို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က ခြိမ်းခြောက်ပြီးကတည်းက နိုင်ဂျီးရီးယားဟာ ပိုတင်းတင်းကျပ်ကျပ် စောင့်ကြည့်ခံနေရပါတယ်။
Source: Reuters


