
ဥရောပက ကာကွယ်ရေးနည်းပညာ ကျွမ်းကျင်သူတွေဟာ ဒရုန်းစစ်ပွဲမှာ ဆန်းသစ်တီထွင်မှုတွေကို မျှဝေဖို့ ဒီဇင်ဘာ ၇ ရက်က ပိုလန်နိုင်ငံရဲ့မြို့တော် ဝါဆောမှာ စုဝေးခဲ့ကြပါတယ်။
ဒရုန်းတိုက်ဖျက်ရေးလက်နက်တွေနဲ့ အီလက်ထရွန်းနစ်စစ်ပွဲမှာ ရှေ့ဆောင်ဖြစ်တဲ့ စွန့်ဦးတီထွင်သူ အယောက် ၁၀၀ လောက်ဟာ ပိုလန်မြို့တော်မှာ ကျင်းပတဲ့ ဥရောပကာကွယ်ရေးနည်းပညာ ဟက်ကာသွန်အတွက် စုဝေးခဲ့ကြပါတယ်။
ပြထားတဲ့ ပစ္စည်းကိရိယာအသစ်တွေထဲမှာ ဒရုန်းတွေကို အနီးကပ်ပစ်ချနိုင်တဲ့ ခေတ်မီဒရုန်း တိုက်ဖျက်ရေး ဆုံလည်စက်ရုပ်တွေ ပါပါတယ်။
“ပထမကမ္ဘာစစ် မဟုတ်တော့ဘူး” လို့ ပွဲစီစဉ်သူ ဘင်ဂျမင် ဝူလ်ဘာက ပြောပါတယ်။
“ကျနော်တို့မှာ အခြေခံအားဖြင့် လက်တွေ့ဘဝအသစ်တခုရှိပြီး ဒါက ဒရုန်းစစ်ပွဲပဲ” လို့ သူက ဆက်ပြောပါတယ်။
အဖွဲ့တွေဟာ ယူကရိန်းစစ်ပွဲကနေ အတွေ့အကြုံတွေကို ရယူခဲ့ပြီး ဒရုန်းတွေဟာ ရုရှားနဲ့ ယူကရိန်း ၂ နိုင်ငံလုံးအတွက် အဓိကလက်နက်တခု ဖြစ်လာခဲ့ပါတယ်။
ရုရှားကသုံးတဲ့ အီရန်ဒီဇိုင်း ရှဟိဒ်လို ဈေးသက်သာတဲ့ မောင်းသူမဲ့လက်နက်တွေဟာ ယူကရိန်းမြို့တွေကို ပစ်မှတ်ထားဖို့ ဈေးသက်သာပြီး ပေါများတဲ့ နည်းလမ်းတခုဖြစ်ကြောင်း သက်သေပြခဲ့ပါတယ်။
ဈေးပေါတဲ့ ဒရုန်းအစုအဝေးတွေကို ဈေးကြီးတဲ့ လေကြောင်းကာကွယ်ရေးဒုံးကျည်တွေနဲ့ ပစ်ချရတာဟာ ယူကရိန်းအတွက် စိန်ခေါ်မှုတခု ဖြစ်လာခဲ့ပါတယ်။
ဝါဆောမြို့တော်မှာ ပြထားတဲ့ ဈေးသက်သာတဲ့ အလိုအလျောက် ဆုံလည်စက်ရုပ်လို စစ်လက်နက်တွေက တခြား ရွေးချယ်စရာတခုကို ပေးစွမ်းနိုင်ခဲ့ပါတယ်။
Source: Reuters


