Home
နိုင်ငံတကာ
ဟန်ဂေရီလွှတ်တော်ရှေ့၌  ကလပ်တက်သူများက တက္ကနိုအကဖြင့် ဆန္ဒပြ
DVB
·
December 8, 2025
Photo: Reuters

ဟန်ဂေရီနိုင်ငံမှာ ညကလပ်တွေနဲ့ ဘားတွေမှာ မူးယစ်ဆေးဝါးဆိုင်ရာ စီးနင်းဖမ်းဆီးတာတွေကို ဆန့်ကျင်ကန့်ကွက်တဲ့အနေနဲ့ ကလပ်သွားသူတွေဟာ လွှတ်တော်ရှေ့မှာ ဒီဇင်ဘာ ၇ ရက်က  တက္ကနိုအကနဲ့ ဆန္ဒပြပွဲတခု ပြုလုပ်ခဲ့ပါတယ်။

'လွတ်လပ်မှုအတွက်အက' လို့ နာမည်ပေးထားတဲ့ ဆန္ဒပြပွဲကို လူငယ် ၁,၀၀၀ လောက် တက်ရောက်ခဲ့ကြပါတယ်။

အစိုးရရဲ့ 'မူးယစ်ဆေးဝါး တိုက်ဖျက်ရေးစစ်ပွဲ' ရဲ့ တစိတ်တပိုင်းအဖြစ် မူးယစ်ဆေးဝါးတွေကို နှိမ်နင်းဖို့ မကြာသေးမီ သီတင်းပတ်တွေအတွင်း ရဲတွေက ကလပ်တွေ အများကြီးကို ဝင်ရောက်စီးနင်းခဲ့ပါတယ်။

ရဲတပ်ဖွဲ့ စီးနင်းမှုတခုရဲ့ ဗီဒီယိုထဲမှာ လူတွေဟာ သူငယ်အိမ်တွေနဲ့ သွေးပေါင်ချိန်ကို စစ်ဆေးခံနေရပြီး ဆီးစစ်ဆေးမှုအတွက် လက်ထိပ်ခတ်ခံထားရတာကို ပြသထားပါတယ်။

စီးနင်းမှုတွေရဲ့ ရည်ရွယ်ချက်က လူငယ်တွေနဲ့ ကလပ်တွေကို နှောင့်ယှက်ဖို့ မဟုတ်ဘဲ မူးယစ်ဆေးဝါးတွေကို ထိထိရောက်ရောက် တိုက်ဖျက်ဖို့ ဖြစ်တယ်လို့ ရဲတပ်ဖွဲ့က ဆိုပါတယ်။

စီးနင်းမှုကို လူ့အခွင့်အရေးရှေ့နေတွေနဲ့ ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်သူတွေက ဝေဖန်ခဲ့တာပါ။ လူ့အခွင့်အရေးအဖွဲ့အစည်း ဟယ်လ်ဆင်ကီကော်မတီကတော့ လက်ထိပ်ခတ်တဲ့ ရဲတပ်ဖွဲ့ရဲ့ လုပ်ရပ်ကို လွတ်လပ်ခွင့်ကို ချိုးဖောက်ခြင်းအဖြစ် ဝေဖန်ခဲ့ပါတယ်။

မကြာသေးမီက အမိန့်တခုအရ မူးယစ်ဆေးဝါးသုံးတာတွေ့တဲ့ ဘား ဒါမှမဟုတ် ကလပ်ကို ရဲတွေက ၃ လကြာ ပိတ်နိုင်ပါတယ်။

မူးယစ်ဆေးဝါးစွဲလမ်းမှုဆိုင်ရာ ပညာရှင် ဂေဘာဇာချာက ပြည့်စုံတဲ့ ကာကွယ်တားဆီးမှု မလုပ်ရသေးဘဲ စီးနင်းတာတွေဟာ ထိရောက်မှုမရှိဘူးလို့ ပြောဆို ဝေဖန်ခဲ့ပါတယ်။ ရဲတပ်ဖွဲ့ကတော့ စီးနင်းတာတွေကို ဆက်လုပ်သွားမယ်လို့ ပြောပါတယ်။

Source: Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013