
ဂရိနိုင်ငံမှာ ဆယ်ကျော်သက်တယောက်ကို ရဲတွေက သတ်ဖြတ်ခဲ့တဲ့ ၁၇ နှစ်မြောက် နှစ်ပတ်လည်နေ့ အထိမ်းအမှတ် ဆန္ဒပြပွဲတွေအတွင်း ဆန္ဒပြသူတွေနဲ့ ရဲတွေကြား ရုန်းရင်းဆန်ခတ် ဖြစ်ခဲ့ပါတယ်။
၂၀၀၈ ခုနှစ်က အေသင်လမ်းမပေါ်မှာ အသက် ၁၅ နှစ်အရွယ် အလက်ဇန္ဒားရို့စ်ဂရီဂိုရိုပိုလော့စ်ကို ရဲတွေက သတ်ဖြတ်ခဲ့တဲ့ နှစ်ပတ်လည်နေ့ ဒီဇင်ဘာ ၆ ရက်မှာ ဆန္ဒပြ ဂရိပြည်သူ ထောင်ပေါင်းများစွာဟာ လမ်းတွေတလျှောက် ချီတက်ဆန္ဒပြခဲ့ကြပါတယ်။
ဒီသေဆုံးမှုဟာ ၁၀ စုနှစ်တွေအတွင်း ဂရိနိုင်ငံမှာ အဆိုးရွားဆုံး အဓိကရုဏ်းတွေကို ဖြစ်ပေါ်စေခဲ့ပါတယ်။
ဂရီဂိုရို ပိုလော့စ် ပစ်ခတ်ခံရပြီး နာရီပိုင်းအကြာမှာ ထောင်ပေါင်းများစွာသော လူတွေဟာ လမ်းတွေပေါ်မှာ ကားတွေကို မီးရှို့တာ၊ လုယက်တာနဲ့ ဆိုင်တွေကို ရိုက်ခွဲတာတွေ လုပ်ရင်း ချီတက် ဆန္ဒပြခဲ့ကြပါတယ်။
သတ်ဖြတ်သူ ရဲအရာရှိကို ထောင်ဒဏ်တသက် ချမှတ်ခဲ့ပေမဲ့ အယူခံတရားရုံးက အစောပိုင်းမှာ လွှတ်ပေးခဲ့တာပါ။
ဆန္ဒပြပွဲတွေကို စောင့်ကြပ်နေတဲ့ အဓိကရုဏ်းနှိမ်နင်းရေးရဲတွေက မျက်ရည်ယိုဗုံးတွေ၊ အသံဗုံးတွေနဲ့ ပစ်ပေါက်ခဲ့ပြီး ဆန္ဒပြသူ အတော်များများကို ဖမ်းဆီးခဲ့ပါတယ်။
Source: Reuters


