
မွန်ပြည်နယ် ရေးမြို့နယ် အာယုတောင်ကျေးရွာ အုပ်ချုပ်ရေးမှူးရုံးမှာ အထိုင်ချတပ်စွဲထားတဲ့ စစ်ကောင်စီပူးပေါင်း ပျူစေားထီးအဖွဲ့ကို ဒီဇင်ဘာ ၇ ရက် မနက် ၁၁ နာရီလောက်မှာ ရေးဘီလူးတော်လှန်ရေးတပ်ဖွဲ့က ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီ ပူးပေါင်း ပျူစောထီးဘက်က ၄ ယောက် သေဆုံးကာ အများအပြား ဒဏ်ရာရရှိသွားတယ်လို့ ရေးဘီလူးတော်လှန်ရေး တပ်ဖွဲ့ဝင်တွေဆီက သိရပါတယ်။
ရေးဘီလူးတပ်ရင်းမှူးက “ကျနော်တို့ ရေးဘီလူးတပ်ရင်းက ရဲဘော်တွေသွားပြီး မစ်ရှင်လုပ်ခဲ့တာ ပျူ ၄ ယောက်ကတော့ ဘန်ကာထဲမှာ သေကျန်ခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိသူတွေလည်း များတယ်။ သူတို့နေရာယူထားတာက အင်အားအရမ်းများတယ်။ ပျူခေါင်းဆောင် လင်းဦးကတော့ ပေါင်ကို ထိသွားတယ်။ ပျူအနည်းဆုံး ၄ ယောက်ထက်မနည်း ထိခိုက်ဒဏ်ရာတွေ ရထားတယ်။ လင်းဦးကတော့ ဒါ ဒုတိယအကြိမ် ဒဏ်ရာထပ်ရသွားတာ။ ၄ ယောက်သေပြီး ၄ ယောက်ထပ်မနည်း ထိခိုက်ဒဏ်ရာ ရရှိသွားတာ။ ပွဲကတော့ ဒီထက်ပိုကြမ်းဖို့ရှိမယ်” လို့ ပြောပါတယ်။
နိုဝင်ဘာ ၃၀ ရက်ကလည်း မွန်ပြည်နယ်အခြေစိုက်ခမရ ၅၈၆ တပ်ရင်းကနေ ထွက်ပြေးလာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် ၃ ယောက်ကို ရေးဘီလူးတပ်ဖွဲ့ စစ်ရေးလှုပ်ရှားနေတဲ့နယ်မြေထဲမှာ ဖမ်းဆီးရမိခဲ့ပြီး ထိန်းသိမ်းထားတယ်လို့ ရေးဘီလူးတပ်ဖွဲ့ဝင်တွေဆီက သိရပါတယ်။
Poto-YBL


