
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ လုံးခင်းကျေးရွာအုပ်စု၊ မလောင်ရွာသစ်ကုန်းရွာကို စစ်ကောင်စီတပ်က ဒရုန်းနဲ့ ဗုံး ၂ လုံး ကြဲချတာကြောင့် မိသားစုဝင် ၃ ယောက် သေဆုံးတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ဒေသခံတယောက်က “မိသားစုဝင် ၃ ဦးသေတယ်။ ၇ လအရွယ် ကလေးတယောက် ကျန်ခဲ့တယ်။ မိဘတွေ ပါသွားတာ။ လင်မယားနှစ်ဦးနဲ့ ၁၃ နှစ်အရွယ် ကလေးတဦး သေဆုံးခဲ့ရပါတယ်” လို့ DVB ကို ပြောပါတယ်။
စစ်ကောင်စီဟာ ဗျူဟာကုန်းကနေ အရပ်သားတွေ နေထိုင်ရာ နေရာကို လက်နက်ကြီးနဲ့ပစ်တာ၊ ဒရုန်းဗုံးချတာတွေ ဆက်တိုက်လုပ်နေတာလို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ ဒီဇင်ဘာ ၆ ရက်ကလည်း အဲဒီရွာကိုပဲ ဒရုန်းနဲ့ ဗုံးကြဲလို့ သားအမိနှစ်ယောက်မှာ အမေက လက်မှာဒဏ်ရာရပြီး ကလေးမှာ ခြေပြတ်ဒဏ်ရာ ရရှိခဲ့တယ်လို့လည်း သိရပါတယ်။
မနေ့ကလည်း မြောက်ဖြူဘုန်းကြီးကျောင်းကို ဒရုန်းနဲ့ ဗုံးကြဲတာကြောင့် ဆွမ်းစားကျောင်းဆောင် ပျက်စီးပြီး တယောက် ဒဏ်ရာရတယ်လို့ သိရပါတယ်။


