
အင်တာမိုင်ယာမီတိုက်စစ်မှူး မက်ဆီဟာ အသင်းနဲ့အတူ ပထမဆုံးအကြိမ်အဖြစ် မေဂျာလိဂ် ရှုံးထွက်ဖလား ဆွတ်ခူးနိုင်ခဲ့ပါတယ်။
ဗန်ကူးဗာအသင်းနဲ့ ဗိုလ်လုပွဲမှာ မိုင်ယာမီအသင်းက ၃ ဂိုး ၁ ဂိုးနဲ့ အနိုင်ယူပြီး ချန်ပီယံဖြစ်ခဲ့တာဖြစ်ပြီး မက်ဆီက ဂိုးဖန်တီးမှု ၂ ကြိမ်ပြုလုပ်ပေးခဲ့တာပါ။
ဒီဆုဖလားဟာ မက်ဆီအတွက် အင်တာမိုင်ယာမီအသင်းနဲ့အတူ ပထမဆုံး ဆုဖလားဖြစ်ပြီး အသင်းပူးတွဲပိုင်ရှင် ဒေးဗစ်ဘက်ခမ်း၊ အသင်းဖော်တွေဖြစ်တဲ့ ဆွာရက်ဇ်၊ ဘူစကွက်စ်၊ အယ်လ်ဘာတိုနဲ့အတူ အောင်ပွဲခံခဲ့ကြပါတယ်။
ဘာစီလိုနာ ကစားသမားဟောင်း မာရှေယာနို နည်းပြနေတဲ့ မိုင်ယာမီအသင်းမှာ ဘူစကွက်စ်နဲ့ အယ်လ်ဘာတိုက အခုနှစ်ရာသီအပြီးမှာ ကစားသမားဘဝကနေ အနားယူကြမှာ ဖြစ်ပြီး ဆွာရက်ဇ်ရဲ့အနာဂတ်ဟာလည်း မရေမရာဖြစ်နေဆဲ ဖြစ်ပါတယ်။


