
အမေရိကန်မေဂျာလိဂ်ကလပ် အင်တာမိုင်ယာမီအသင်းဟာ အရှေ့ပိုင်းကွန်းဖရင့်လိဂ် ဆီမီးဖိုင်နယ် မှာ မက်ဆီ ခြေစွမ်းပြမှုနဲ့အတူ ပြိုင်ဘက်ကို ဂိုးပြတ်အနိုင်ရပြီး ဗိုလ်လုပွဲဆီ တက်လှမ်းသွားပါတယ်။
မိုင်ယာမီဟာ လိဂ်အဆင့် ၂ မှာ ရပ်တည်နေတဲ့ ပြိုင်ဘက် စင်စင်နာတီရဲ့ကွင်းမှာ သွားရောက် ကစားခဲ့ရတာ ဖြစ်ပေမဲ့ မက်ဆီက ဦးဆောင်ဂိုးသွင်းခဲ့သလို နောက်ထပ်အနိုင်ဂိုး ၃ ဂိုးအတွက်လည်း ဂိုး ဖန်တီးပေးခဲ့ပြီး ၄ ဂိုး ဂိုးမရှိ ရလဒ်နဲ့ အနိုင်ရခဲ့တာပါ။
အမေရိကန်ဘောလုံးလိဂ်ပြိုင်ပွဲရဲ့ အရှေ့ပိုင်းကွန်းဖရင့်လိဂ် ဗိုလ်လုပွဲမှာ အင်တာမိုင်ယာမီက နယူးယော့ခ်စီးတီးနဲ့ တွေ့ဆုံနေပါတယ်။
အနောက်ပိုင်းကွန်းဖရင့်လိဂ်မှာတော့ ကနေဒါကလပ် ဗန်ကူးဗားအသင်းက ဗိုလ်လုပွဲ ရောက်နေပြီး ဆန်ဒီယေဂိုနဲ့ မင်နီဆိုတာအသင်းတို့ ပွဲစဉ်ကအနိုင်ရတဲ့အသင်းနဲ့ ကွန်းဖရင့်ဗိုလ်လုပွဲ ကစားရမှာပါ။
အရှေ့ပိုင်းနဲ့ အနောက်ပိုင်း ကွန်းဖရင့်လိဂ်ဗိုလ်လုပွဲတွေမှာ အနိုင်ရတဲ့ ၂ သင်းက မေဂျာလိဂ်ဖလား ဗိုလ်လုပွဲ ထပ်မံယှဉ်ပြိုင်သွားရမှာဖြစ်ပါတယ်။


