
အနာဂတ်မှာ ဘာစီလိုနာမြို့ဆီ ပြန်လည်အခြေချဖို့ စိတ်ကူးထားကြောင်း မက်ဆီက ပြောသွားပါတယ်။
မက်ဆီဟာ ဘာစီလိုနာအသင်းကို ကလေးဘဝကတည်းက စတင်ရောက်ရှိခဲ့သူဖြစ်ပြီး ၂၀၀၄ ခုနှစ်ကနေ ၂၀၂၁ ခုနှစ်အထိ ၁၇ နှစ်ကြာ ပါဝင်ကစားခဲ့သူပါ။
မိမိအပါအဝင် ဇနီးသည်နဲ့ ကလေးတွေ အားလုံးကလည်း ဘာစီလိုနာကို အမြဲတမ်းလွမ်းနေကြပြီး ဘာစီလိုနာမှာ ပြန်နေဖြစ်တဲ့အချိန်မှာ ဘယ်လိုတွေနေထိုင်ဖြတ်သန်းမလဲဆိုတာ အမြဲတမ်း စိတ်ကူးကြောင်း မက်ဆီက ပြောပါတယ်။
ဘာစီလိုနာမှာ အိမ်တလုံးလည်း ပိုင်ဆိုင်ထားတာကြောင့် အနာဂတ်မှာ ပြန်လည်အခြေချဖို့ စိတ်ကူးထားကြောင်း မက်ဆီက ပြောသွားတာပါ။
ဘာစီလိုနာအသင်းဟာ မေဂျာလိဂ် ရပ်နားထားချိန်မှာ မက်ဆီကို အငှားစာချုပ်နဲ့ ပြန်လည်ခေါ်ယူဖို့လည်း ပြင်ဆင်ထားကြောင်း သတင်းထွက်ပေါ်နေပါတယ်။
Photo:Reuters


