
မက်ဆီနဲ့ပတ်သက်တဲ့ အရာရာတိုင်းက ဂုဏ်ယူကျေနပ်စရာတွေဖြစ်ကြောင်း အာဂျင်တီးနား အသင်းဖော် ကွင်းလယ်လူ အန်ဇိုဖာနန်ဒက်ဇ်က ပြောသွားပါတယ်။
မက်ဆီနဲ့အတူ ကမ္ဘာ့ဖလားချန်ပီယံဆုဖလား ရယူနိုင်ခဲ့တာက မယုံကြည်နိုင်စရာကောင်းပြီး အသင်းဖော်အများစုက မက်ဆီကစားတာကို အိမ်က တီဗီကနေ ကြည့်ရှုခဲ့ဖူးသူတွေ ဖြစ်တာကြောင့် ချန်ပီယံဆုဖလား အတူကိုင်မြှောက်နိုင်ခဲ့တာက စိတ်ဓာတ်ပိုင်းဆိုင်ရာကို လှုံ့ဆော်နိုင်ခဲ့ကြောင်း ဖာနန်ဒက်ဇ်က ပြောပါတယ်။
မက်ဆီက ခမ်းနားကြီးကျယ်တဲ့ လူတယောက်ဖြစ်သလို သမိုင်းတလျှောက် အကောင်းဆုံး ကစားသမားလည်းဖြစ်ပြီး မက်ဆီနဲ့အတူ ဖြတ်သန်းခဲ့တဲ့ အရာရာတိုင်းက ဂုဏ်ယူကျေနပ်စရာတွေ ဖြစ်ကြောင်း အန်ဇိုဖာနန်ဒက်ဇ်က ပြောပါတယ်။
အာဂျင်တီးနားအသင်းဟာ လာမဲ့ ကမ္ဘာ့ဖလား ချန်ပီယံဆုကို ကာကွယ်နိုင်ဖို့ ၈ ဒသမ ၇ ရာခိုင်နှုန်း ရှိကြောင်း သတ်မှတ်ခံထားရပြီး စပိန်အသင်းက ချန်ပီယံဖြစ်ဖို့ ရာခိုင်နှုန်း ၁၇ ရာခိုင်နှုန်းနဲ့ အမြင့်မားဆုံး သတ်မှတ်ခံထားရပါတယ်။


