Home
မြန်မာသတင်း
KTLA စခန်းငယ်တခုကို စစ်ကောင်စီတပ်က ဒရုန်းဖြင့်တိုက်ခိုက်
DVB
·
December 6, 2025
Photo: KTLA

ကရင်ပြည်နယ်၊ မြဝတီမြို့အနီးရှိ ကော်သူးလေတပ်မတော် (Kaw ThooLei Army- KTLA) ရဲ့ စခန်းငယ်တခုကို ဒီဇင်ဘာ ၅ ရက် နေ့လယ်ပိုင်းက ကာမီကာဇီဒရုန်းနဲ့တိုက်ခိုက်ခံရတယ်လို့ KTLA တပ်ဖွဲ့ဝင်တွေဆီက သိရပါတယ်။

ဒရုန်း ၄ စီးနဲ့ နာရီဝက်ခြား ၄ ကြိမ်တိုက်ခိုက်ခဲ့တာဖြစ်ပြီး KTLA တပ်ဖွဲ့ဝင်တွေတော့ ထိခိုက်တာမရှိဘဲ ဒေသခံတွေရဲ့ ပြောင်းခင်းတချို့တော့ ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။

KTLA တပ်ဖွဲ့ ပြန်ကြားရေးတာဝန်ရှိသူက "စစ်ကောင်စီက ကာမီကာဇီ ဒရုန်း ၄ စီးနဲ့ အချိန်ခြားပြီး လာပစ်တာ တစုံတရာထိခိုက်မှုမရှိဘူး။ ပြည်သူပိုင် ပြောင်းခင်တွေတော့ ပျက်စီးသွားတယ်။ ကျနော်တို့ရဲ့ ရန်သူက စစ်ကောင်စီပဲရှိတာလေ၊ ပထမဦးဆုံးလာတိုက်ခိုက်တာ ၁ နာရီထိုး လောက်က တပ်ဖွဲ့ဝင်တွေတော့ တယောက်မှ ထိခိုက်မှု မရှိပါဘူး”လို့ ပြောပါတယ်။

KTLA နယ်မြေအတွင်းမှာ နိုဝင်ဘာလကုန်ပိုင်းက စက်တပ်လေထီးနဲ့ တိုက်ပွဲဝင်နိုင်ဖို့ အပျော်တန်းစီး စက်တပ်လေထီး ပျံသန်းလေ့ကျင့်တာတွေရှိနေပြီး KTLA ရဲ့ စစ်ဦးစီးချုပ် ဗိုလ်ချုပ်နယ်ဒါးမြကိုယ်တိုင် စက်တပ်လေထီးပျံသန်းစီးပြခဲ့ပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013