
ရီးရဲလ်မက်ဒရစ်အသင်းရဲ့ နောက်ခံလူ အာနိုးလ်ဟာ ဒဏ်ရာကြောင့် ၂ လကြာအနားယူရမယ်လို့ သိရပါတယ်။
ဘီလ်ဘာအိုအသင်းကို ၃ ဂိုး ဂိုးမရှိနဲ့ အနိုင်ရတဲ့ လာလီဂါပွဲစဉ်မှာ တံကောက်ကြောဒဏ်ရာရရှိခဲ့တဲ့ အာနိုးလ်ဟာ ပွဲချိန် ၅၅ မိနစ်မှာ လူစားလဲခံခဲ့ရသူပါ။
အသက် ၂၇ နှစ်ရှိ ညာနောက်ခံလူဟာ ဒဏ်ရာအခြေအနေကြောင့် ၂ လကြာအနားယူရမှာဖြစ်ပြီး ပွဲထွက်ခွင့် အကန့်သတ်လည်း ရှိချိန်မှာ ဒဏ်ရာရခဲ့တာက ထိုးနှက်ချက်တခုဖြစ်ကြောင်း ဘီဘီစီအားကစားသတင်းမှာ ဖော်ပြပါတယ်။
အာနိုးလ်ဟာ ရီးရဲလ်နဲ့ ပထမဆုံးရာသီမှာ မျှော်လင့်ထားသလောက် ခြေစွမ်းပြနိုင်ခြင်းမရှိသေးဘဲ စုစုပေါင်း ၈ ပွဲသာ ကစားခွင့်ရထားတာပါ။
ရီးရဲလ်အသင်းမှာ ဝါရင့်ညာနောက်ခံလူ ကာဗာဟယ်ဟာလည်း ဒဏ်ရာကြောင့် ၂၀၂၆ ခုနှစ် အစောပိုင်းအထိ အနားယူရမှာဖြစ်လို့ ကွင်းလယ်လူ ဗယ်ဗာဒီက ညနောက်ခံလူ နေရာမှာ အစားထိုးကစားသွားဖို့ ရှိနေပါတယ်။
Photo: Reuters


