
အာဆင်နယ်အသင်းခေါင်းဆောင် အိုဒီဂတ်ဟာ ဒူးအရွတ်ဒဏ်ရာကြောင့် ၆ ပတ်ကြာ အနားယူရမယ်လို့ အသင်းဘက်က ထုတ်ပြန်သွားပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာ ၄ ရက်က ဝက်စ်ဟမ်းနဲ့ပွဲစဉ်မှာ ဒူးအရွတ်ဒဏ်ရာရခဲ့တဲ့ အိုဒီဂတ်ဟာ အဆိုးဆုံးအခြေအနေအထိ ဖြစ်လာနိုင်ပေမဲ့ ၆ ပတ်ကြာ အနားယူရမယ့် အခြေအနေက အာဆင်နယ်အတွက် အနည်းငယ် သက်သာရာ ရခဲ့တာပါ။
အိုဒီဂတ်ဟာ ပရီးမီးယားလိဂ်ပွဲစဉ် ၄ ပွဲ၊ လိဂ်ဖလား ၁ ပွဲနဲ့ ချန်ပီယံလိဂ် ၂ ပွဲကို လွဲချော်မှာဖြစ်ပြီး နိုဝင်ဘာ ၂၃ ရက်မှာ ကစားမယ့် စပါးအသင်းနဲ့ပွဲစဉ်မှာ ပြန်လည်ကစားနိုင်ဖို့ ပစ်မှတ်ထားတယ်လို့ သိရပါတယ်။
အာဆင်နယ်ဟာ အိုဒီဂတ် အနားယူရမယ့်အချိန်မှာ ပရီးမီးယားလိဂ်ပွဲစဉ်တွေအဖြစ် ဖူဟမ်၊ ခရစ္စတယ်ပဲလေ့၊ ဘန်လေ၊ ဆန်းဒါးလန်းအသင်းတွေနဲ့ ကစားသွားရမှာ ဖြစ်ပါတယ်။
Photo: Reuters




