
ဘာစီလိုနာကြယ်ပွင့် လာမိန်းယာမဲလ်ဟာ ပေါင်ခြံဒဏ်ရာကြောင့် ၃ ပတ်ကြာ အနားယူရမယ်လို့ ဘာစီလိုနာအသင်းက သတင်းထုတ်ပြန်သွားပါတယ်။
စပိန်လက်ရွေးစင်အသင်း လူစာရင်းကနေလည်း နုတ်ထွက်ခဲ့တဲ့ ယာမဲလ်ဟာ ပေါင်ခြံဒဏ်ရာ မသက်သာသေးတာကြောင့် ဖြစ်ပြီး ၃ ပတ်ကြာ အနားယူသွားရမယ်လို့ ဘာစီလိုနာက သတင်းထုတ်ပြန်ပါတယ်။
ယာမဲလ်ဟာ ပြီးခဲ့တဲ့စက်တင်ဘာလအတွင်းက ကစားခဲ့တဲ့ ပွဲစဉ် ၄ ပွဲကိုလည်း လွဲချော်ခဲ့ပြီး အောက်တိုဘာ ၂ ရက်က ကစားခဲ့တဲ့ ပီအက်စ်ဂျီနဲ့ ချန်ပီယံလိဂ်ပွဲစဉ်မှာ ပြန်လည်ပွဲထွက်ကစားခဲ့ပေမဲ့ ပေါင်ခြံဒဏ်ရာပြန်ရခဲ့တာပါ။
အခုတပတ် ကစားမယ့် ဆီဗီလာနဲ့ပွဲကို လွဲချော်မှာဖြစ်သလို စပိန်အသင်းရဲ့ ပွဲစဉ် ၂ ပွဲကိုလည်း လွဲချော်မှာ ဖြစ်ပါတယ်။
Photo:Reuters




