
ဂျာမနီအသင်းနဲ့အတူ ကမ္ဘာ့ဖလားချန်ပီယံဆုဖလားရယူနိုင်ခဲ့တဲ့ နောက်ခံလူ ဂျရိုမီဘိုတန်ဟာ အသက် ၃၇ နှစ်မှာ ကစားသမားဘဝကနေ အနားယူကြောင်း ကြေညာသွားပါတယ်။
ဗဟိုခံစစ်မှူးဟာ အခုနှစ်ရာသီမှာ သြစတြီးယားကလပ် LASK အသင်းဆီပြောင်းရွှေ့ခဲ့ပေမဲ့ ရာသီစလို့ ၁၃ ရက်အကြာမှာပဲ စာချုပ်ဖျက်သိမ်းခံခဲ့ရပြီးနောက် အနားယူဖို့ ဆုံးဖြတ်ခဲ့တာပါ။
သူဟာ ဘိုင်ယန်မြူးနစ်အတွက် ပွဲပေါင်း ၃၆ ၃ပွဲကစားခဲ့သလို ဂျာမနီအတွက်လည်း ၇၆ ပွဲကစားခဲ့သူပါ။
၂၀၂၁ ခုနှစ်က ဘိုင်ယန်ကနေ ထွက်ခွါခဲ့တဲ့ ဘိုတန်ဟာ ပြင်သစ်ကလပ် လိုင်ယွန်မှာ ၂ နှစ်၊ အီတလီကလပ် ဆာလာနီတာနာမှာ တနှစ်ကစားခဲ့ပါတယ်။
ဘိုတန်ဟာ ကစားသမားဘဝကို ဟာသာဘာလင်နဲ့ စတင်ခဲ့ပြီးနောက် ဟမ်းဘက်မှာလည်း ၃ရာသီကြာကစားခဲ့ပြီး ၂၀၂၀ ပြည့်နှစ်က မန်စီးတီးအသင်းမှာလည်း တရာသီကြာ ကစားခဲ့သူ ဖြစ်ပါတယ်။
Photo: Reuters




