Home
အားကစား
လီဗာပူး ဂိုးသမားအလစ်ဆန် ၁ လခွဲခန့် အနားယူရမည်
DVB
·
October 3, 2025
Photo :Reuters

လီဗာပူး ဂိုးသမား အလစ်ဆန်အနေဟာ ဒဏ်ရာကြောင့် တလခွဲလောက် အနားယူရမယ်လို့ သိရ ပါတယ်။

ဘရာဇီးဂိုးသမားဟာ တူရကီကလပ် ဂါလာတာစာရေးကို ရှုံးနိမ့်ခဲ့တဲ့ပွဲစဉ်မှာ တံကောက်ကြော ဒဏ်ရာရရှိခဲ့တာဖြစ်ပြီး ဒဏ်ရာအခြေအနေစစ်ဆေးခဲ့ပြီးနောက် တလခွဲလောက် အနားယူရဖို့ ဖြစ်လာခဲ့တာပါ။

အလစ်ဆန်အနေနဲ့ အောက်တိုဘာ ၁၉ ရက်မှာ ကစားရမယ့်  မန်ယူနိုက်တက်နဲ့ပွဲစဉ်၊ နိုဝင်ဘာ ၄ ရက်မှာ ကစားရမယ့် ရီးရဲလ်မက်ဒရစ်နဲ့ ပွဲစဉ်တွေအပါအဝင်  နိုဝင်ဘာ ၉ ရက်မှာ ကစားရမယ့် မန်စီးတီးနဲ့ပွဲစဉ်ကိုလည်း လွဲချော်မယ်လို့ သိရပါတယ်။

အခုတပတ်ယှဉ်ပြိုင်ကစားမယ့် ချဲလ်ဆီးနဲ့ ပရီးမီးယားလိဂ်ပွဲစဉ်ကိုလည်း  လွဲချော်မှာဖြစ်ပြီး အရန်ဂိုးသမားဖြစ်သူ မာမာဒက်ရှ်ဗီလီက ပွဲထွက် ကစားသွားမှာပါ။

ဂါလာတာစာရေးနဲ့ပွဲမှာပဲ ဒဏ်ရာရခဲ့တဲ့ တိုက်စစ်မှူး အစ်ကီတီကီကတော့  ပြင်းထန်တဲ့ဒဏ်ရာအခြေအနေ မဟုတ်တာကြောင့် ချဲလ်ဆီးနဲ့ပွဲမှာ ပါဝင်လာနိုင်တယ်လို့ သိရ ပါတယ်။ 

Photo: Reuters 

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013