
တိုက်စစ်မှူး ဘင်ဂျမင်ရှက်စ်ကိုဟာ ဒဏ်ရာကြောင့် ရက်သတ္တပတ်အနည်းငယ်အနားယူဖို့ လိုအပ် ကြောင်း မန်ယူနိုက်တက်နည်းပြရူဘင်အာမိုရင်က အတည်ပြုသွားပါတယ်။
ဆလိုဗေးနီးယားတိုက်စစ်မှူးဟာ စပါးအသင်းနဲ့ ၂ ဂိုးစီသရေကျတဲ့ပွဲစဉ်မှာ ဒူးဒဏ်ရာရရှိခဲ့ပြီး ဒဏ်ရာပြင်းထန်မှု မရှိပေမဲ့ သေချာဂရုစိုက်ဖို့လိုအပ်ကာ ရက်သတ္တပတ် အနည်းငယ် အနားယူရမယ်လို့ နည်းပြအာမိုရင်က ပြောပါတယ်။
ပြန်ကစားနိုင်မယ့် ရက်အတိအကျမသိသေးပေမဲ့ သူ့ရဲ့ဒဏ်ရာအခြေအနေက တိုးတက်မှုရှိလာပြီး ရက်သတ္တပတ်အနည်းငယ်အတွင်းမှာ ဘင်ဂျမင်ရှက်စ်ကို ကို ပြန်လည်အသုံးပြုနိုင်ဖို့ မျှော်လင့်ကြောင်း နည်းပြအာမိုရင်က ပြောပါတယ်။
ယူနိုက်တက်ဟာ လာမယ့် ဇန်နဝါရီလအတွင်းမှာ ကစားမယ့်အာဖရိကဖလားပြိုင်ပွဲအတွက် အသင်းရဲ့ တိုက်စစ်ကစားသမား အမ်ဘူမိုအပါအဝင် အာမတ်ဒီယယ်လိုနဲ့ မက်ဇ်ရာအိုရီ တို့ကို လက်လွှတ်ရမှာ ဖြစ်ပါတယ်။
Photo:Reuters


